အလွမ်းတစ်အုပ်တို့နဲ့
တောရိပ်မှာ မြူယှက်လို့နွယ်
တောင်စွယ်မှာ နေကွယ်တာလား
ချစ်ရိပ်တွေ ဝေေ၀၀ါးလို့
မပြောဘဲ ထားတဲ့စကားလို
အဓိပ္ပာယ်တွေ မှုန်ဝါးဝါးနဲ့ . . .
မပြတ်သားရဲသူ ကိုယ့်အတွက်
နေတွေလတွေမှာ အလွမ်းတွေနဲ့သာ . . ။
လေတိုးရင်ညည်းတတ်တဲ့ ၀ါးရုံတောလို
မပီမသ သံစဉ်တွေ ခြွေချရင်း . . .
ပန်းမခင်းတဲ့ ရွက်ကြွေတော
ချစ်သူမောမှာ စိုးစိတ်တွေနဲ့
တိုးတိတ်လို့ နေခဲ့သူ။
မိုးတွေ တိုးတိုးလေးရွာနေတယ်
နှလုံးသားငိုသံက ခြိုးခြိုးချွတ်ချွတ် . . .
ငတ်မွတ်နေတဲ့ လွတ်လပ်ခြင်းတွေ
ငါ့အလွမ်းတွေကြားမှာ အတုန်းအရုံး ကျဆုံးလို့ . . .
နှင်းမှုန်တွေ အုံ့ဆိုင်း ရီဝေတယ်
အေးခဲမှုတွေက နာနာကျင်ကျင်
တောင်ပံတစ်စုံကို မဖြန့်နိုင်မှတော့
ပျံသန်းဖို့ စိတ်ကူးတွေလဲ
နေလာရာ နှင်းပျောက်သလိုပေါ့။
မရေရာတဲ့ စိတ္တဇနာမ်တွေနဲ့
ဘ၀ကြီးက ပရမ်းပတာခါယမ်း . . .
ဒီလိုနဲ့ပဲ ကြယ်မစုံတဲ့ ညတွေက
ငါ့အတွက် မထူးဆန်းတော့ပါဘူး . . .
မသေချာတဲ့ ၀င်သက်ထွက်သက်တွေအတွက်
ပင့်သက်တွေက အားကောင်းမောင်းသန်၊
အလင်းမဲ့ ကောင်းကင်တစ်မိုးအောက်မှာ..
ငါလေ.. ကြယ်ကြွေတွေ ကောက်ဆဲ...။
Ko BoBoHan & BS
Date: 30.5.09
Place: Yangon & Singapore