ရွာဝင်က မန်ကျည်းပင်အောက်
မြက်တွေမှာ ခြောက်ကာထပ်မပေါက်
နွားနှစ်ကောင် ၀မ်းစာမလောက်
ဗိုက်တော်မှာ ရိုးပေါ်ပိန်ခြောက်
အရိုးပေါ်ပိန်ကာခြောက်လည်း
ဦးကြီးတွေကို ရိုသေကာ ကြောက်ပေသမို့
ရုပ်ခန္ဓာ ကြွေကာပျောက်ပစေ
မာန်ဝင့်ကာ တောင့်ပါမယ်
ညီငယ်ရေ အရှေ့ကရုန်း။ ။
MK & BS
18 Feb 2010
Yagon
P.S.
Facebook မှာ တင်ထားတဲ့ ပုံလေးကို အကြောင်းပြုပြီး သူငယ်ချင်း MK က “အပေါ်ပိုဒ်” လေးကို ရေးပါတယ်။ သူ့ကိုနောက်ချင်တာနဲ့ ဘာရယ်မဟုတ်ပဲ ”နောက်အပိုဒ်”ကို ဆက်ရေးကြည့်ပြီးတော့ သဘော ကျတာနဲ့ တင်လိုက်တာပါ။ အမှတ်တရပေါ့။