Tuesday, October 19, 2010

အလွမ်းည နဲ့ ပိုးဟပ်အက

တစ်ကောင်
နှစ်ကောင်
သုံးကောင်
အနက်ရောင် ပြတင်းပေါက်ပေါ်မှာ
ယောက်ယက်ခက်နေလိုက်ကြတဲ့
ပိုးဟပ်တွေ . . .
ငါ သူတို့ကို မစားဘူးဆိုတာ
သူတို့မသိရှာကြဘူး။


ငါမှတ်ထားတာက
ငါ့ကိုယ်ထဲက
ပိုးဟပ်တွေထွက်လာတယ်ဆိုရင်
ငါရူးနေလို့၊
အခု
ကမ္ဘာကြီးဆီက ထွက်လာတယ်ဆိုတော့
ရူးနေတာ
ငါ မဟုတ်သေးဘူး။


တကယ်တော့
ပိုးဟပ်တွေရဲ့ အက ဆိုတာ
နင့်ကို လွမ်းတဲ့ငါ့ညတွေနဲ့
ဘယ်လိုမှ မအပ်စပ်ပါဘူး။
ဒါပေမယ့် ချစ်သူရယ်
ဒီလို ခြောက်ခြားစရာ ပိုးဟပ်ခြေသံတွေကြားမှာတောင်
ငါလေ
နင့်ခြေလှမ်းတွေကို
လွမ်းဆဲ . . . ။                     ။


BS
7:52 pm
19 Oct: 2010
Ygn

Sunday, October 10, 2010

ခရီး

အရင်ဆုံး . . . စပ်စုတဲ့အပြုံးတွေ
ပြီးတော့ . . . ဝမ်းသာအားရ အော်ဟစ်ကြိုဆိုတဲ့ အသံတွေ
နောက်
အမေး
အဖြေ
အမေး
အဖြေ
အမေး
အဖြေ . . . .

တစ်လှမ်း . . . နှစ်လှမ်း . . . သုံးလှမ်း

အစွန်းခံထားရတဲ့ ဖုန်မှုန့်တွေ . . .
ကွမ်းသွေးနီနီ အစွန်းခံနေရတဲ့ ဖုန်မှုန့်လုံးကြီးတွေ။

ခုန်ပျံနေတဲ့ အုတ်ချပ်တွေက
စည်းချက်တစ်ခုကို မွေးဖွားပေးခဲ့။
ဖမ်းပေးတဲ့လက်ကို သက်ပြင်းချသံတစ်ခု
နဲ့
ပစ်ပေးတဲ့လက်ကို လက်ခုပ်သံတချို့ . . .
ပစ်ပေးလိုက်ပါ။

ယိမ်းယမ်းယမ်းနဲ့ ခြင်ထောင်လေး
ပန်းတွေရဲ့ တလှုပ်လှုပ် အရိပ်မည်းနဲ့အတူ
ယိမ်းယမ်းနေတဲ့ ခြင်ထောင်လေး။
လျှပ်စီးက ကြယ်လေးတွေကို စနောက်နေတုန်း . . .
တောက်ပလိုက်
အမှောင်ကျလိုက်
မှိတ်တုတ်မှိတ်တုတ်ဖြစ်လိုက်
တောက်ပလိုက် . . .

နောက်တော့ ပိုးစုန်းကြူးတွေ ရောက်လာခဲ့တယ်။
သူတို့ရဲ့ စုန်းရောင်စိမ်းစိမ်းကို
လမ်းသွယ်လေးအဖြစ်ချန်လို့။
စိတ်က တိုးတိုးလေးညည်းငြူခဲ့
ကိုယ်သိတာပေါ့ အဲဒါ
ဇီးကွက်မြို့တော်ရဲ့ သီချင်းတစ်စ။

နွားတစ်ကောင်ရဲ့ ဝင်သက်ထွက်သက်က
ကိုယ့်ကို ခြောက်လှန့်နေခဲ့။
နေပါစေ . . . နေပါစေ . . . နေပါစေ
မနက်စောစောမှာ
နွားနို့ ပူပူလေးတစ်ခွက်သောက်တယ်၊
ကိုယ့်အတွက် တစ်ခွက်
နွားသားလေးအတွက် တစ်ခွက်၊
အဖွားအတွက်တစ်ခွက်၊
ကျန်တာတွေကို ဒေါ်ကြီးချက်ပစ်လိုက်တယ်။
စားကောင်းလိုက်တာ။


သနပ်ခါးနံ့
အရက်နာကျနေတဲ့ ထန်းတော
ကိုယ်ဝန်သည် နှမ်းစေ့တွေ
ကိုယ့်ဦးလေးတစ်ယောက် အဲဒါတွေကို
မြှောက်ဖို့ ကြိုးစားနေရဲ့။

အဖွားရဲ့ ပုံပြင်တွေကို ကြားနေမိပါသေးတယ်။
အဖွားပြောတယ်
သူ့အသက် နှစ်ဆယ်လောက်က
ရွာကို
ဗြိတိသျှတွေ ဝင်သိမ်းလို့
တောထဲ ပြေးပုန်းရ။
နောက်
ရွာကို ပြန်ရောက်။
နောက်
ဂျပန်တွေ ထပ်ဝင်တော့
တောထဲ ပြန်ပြေးပုန်းရ
ဂျပန်စစ်သားတွေပေါ့
သူပုန်းနေတဲ့ အိမ်တံခါးကို ခြေကန်ဖွင့်
ပွင့်သွားတော့
သူ့ကိုကြည့်ပြီးပြန်ထွက်သွားတာ။
ကိုယ် အဖွားကို ပြောလိုက်တယ် . . .
ဟား ဟား ဟား။

အဲဒီတုန်းက
မြင်းလှည်းတွေလည်း သစ်ရွက်တွေဝတ်လို့တဲ့
အဖွားပြောတာ။
ရေနွေးကြမ်းတစ်အိုး
ခေါက်ဆွဲသုပ်တစ်ပွဲ
စွပ်ပြုတ်တစ်ခွက်
အဖွားကို ဘယ်လို လှုပ်ရှားရမလဲ ကိုယ်သင်ပေးခဲ့တယ်။

သမိုင်းရဲ့ အကြွင်းအကျန်တွေ
တရားထိုင်နေတုန်း
အုတ်ချပ်နီတွေရဲ့ တည်ငြိမ်မှုက
အတော်ရှည်လျားနေခဲ့ပါပေါ့။

စိတ်မရှည်တဲ့ ကားဟွန်းသံတွေ၊
ပုံရိပ်အထပ်ထပ်နဲ့ ဆိုင်ကယ်ဦးထုပ်တွေ၊
အခုမှ သတိထားမိတယ်
ကားတွေမှာ မတူတဲ့ မျက်နှာတွေရှိလေရဲ့။

ကျောချမ်းစရာကောင်းတဲ့ သမိုင်းဝင်နေရာ
ဟုတ်ပါ့
အထဲမှာ ဝိညာဉ်တွေအများကြီး အချုပ်ခံထားရတာ . . .
နေပါစေလေ
ဒုက္ခမရှာတော့ပါဘူး။

ကိုယ်တစ်ယောက်တည်း
ပျော်နေတုန်း . . .
အမေ
အဖေ
နင်
လွမ်းတယ်
နင်
အဖေ
အမေ
အရမ်း လွမ်းတယ်။
အဖေ
အမေ
နင်
........           ။                       ။
BSမှတ်ချက်။         ။အဖွားနေတဲ့ စစ်ကိုင်းနားကရွာလေးကအပြန် မန္တလေးကားကြီးကွင်းမှာ ကားစောင့်နေတုန်း ရေးဖြစ်တဲ့ ကဗျာလေးပါ။ ရေးတုန်းကတော့ ဘိုရူးရူးပြီး "A Visit" ဆိုပြီးတော့ အင်္ဂလိပ်လိုရေးထားတာ။ အခုမှ ပျင်းပျင်းရှိတာနဲ့ ဗမာလို နည်းနည်းလေးပြောင်းပြီး ပြန်ရေးထားတာပါ။


A Thousand Suns


Rating:★★★★★
Category:Music
Genre: Alternative Rock
Artist:Linkin Park
I was totally melted as soon as the first song played . . . then . . . totally lost into their music!!! I wanna rate this album more than 5 stars :D
I love LP since 2001 (I used to repeat it quite frequently :D), and never getting bore with their songs. I feel like I can't compare their songs with other bands, so I just compare with their previous albums. "A thousand suns" is the best.
I'm not much into music stuffs, but I could feel that songs in this album have totally different style. You'll feel sad mood, then suddenly go up, then slowly go down, then insecurity overwhelmed, then remorse shows up, then funky comes, then many many more . . . . Sometimes, I even felt my blood stream is bouncing along with their beats.
The way LP created Martin Luther King's speech is also super cool.
For me, there is not even a single song to skip. Can't stop listening all the songs ... as can't listen other songs after listening these songs :D Surely a must-not-miss album. Don't miss it and enjoy !!

Friday, October 8, 2010

ကိုးရိုးကားရား (Awkward)

ကိုးရိုးကားရား

             မျက်လုံးစုံမှိတ်၊ လက်အုပ်ချီပြီး ဒိုင်ဗင်မထိုးဝံ့သော အိုင်ပျက်လေးတွင် သစ္စာဗွက်များ ပေါက်နေ၏။ ဖမ်းမရသောအမည်တစ်ခုနှင့် ပန်းတို့အမည် ရောနှောနေသောအရပ်တွင် ဆောင်းတစ်ရွက် ကျပျောက်ခဲ့သည်။ ထို့ကြောင့် (ဆရာတာရာမင်းဝေ ပြောသလို) ငါ့အနုပညာသည် "ထိုင်ကားယား ထကားယား" ဖြစ်နေပါတော့သည်။

BS


Awkward

      In a little ruined lake which is muddy with faith, I dared not dive into by closing my eyes with a bow. At the place where an untouchable name and flowers' names are mixing, I lost a leave of winter. That's why my art is (like sayar TarYarMinWai said) "awkward in sitting, awkward in standing".

 
BS

Sunday, October 3, 2010

ဆောင်းနေတစ်စင်းနဲ့ အလင်းထမ်းသူများ

လေပူတွေ တိုက်တယ်
တိမ်တွေ အိပ်တန်းတက်ကြပြီ။
အမှောင်ထုကလည်း ချွေးတစိုစိုနဲ့ . . .
ငါပိုင်တဲ့ စိတ်ကူးတွေမှာ
နေနဲ့နွေ ဆိုတာက သပ်သပ်စီပါ။


ငါ့မျက်နှာပေါ်မှာ
ဆံစတချို့နဲ့ ကလူကျီစယ်နေတဲ့
နေရဲ့ရောင်စုံအဝိုင်းလေးတွေ
ဖုန်တရှပ်ရှပ် ရှုပ်ထွေးလို့ . . .
ဆောင်းက ဆောင်းနဲ့မတူတဲ့နေ့တွေလေ။


တကယ်တော့ နိုင်ငံရေးဆိုတာ
အဘိုးကြီးတွေ ညနေစောင်းမှာ
ရေနွေးကြမ်းနဲ့ သောက်တဲ့
အလိုက်ဖက်ဆုံး အမြည်းရယ်ပါ
အရေတွေ တွန့်နေလေရဲ့။


ပခုံးမှာ အလင်းထမ်းသူတွေဆိုပေမယ့်လည်း
သူလိုကိုယ်လို ပါပဲ
အပြုံးကို ရေလုံပြုတ်တတ်တယ်။
ရှမ်ပိန်ခွက်ကို ခပ်မြင့်မြင့်လေး မြှောက်တတ်တယ်။
ပြီးတော့ လမ်းလည်း ပျောက်တတ်တယ်။


BS
6:30 pm
3rd Oct 2010
Ygn