Friday, October 30, 2009

မီးလောင်တွေးများ

မီးလောင်တွေးများ


အတွေးတွေကို လေဟာပြင်ထင်ပြီး

နင့်အကြောင်းတွေနဲ့ စားပိုးနင့်နေတာ မသိခဲ့ဘူး။
ကြွက်တက်နေတဲ့
နေ့သစ်တွေနောက်ကို
ဖတ်သီလိုက်ရင်း
မီးစိမ်းနဲ့ မီးနီဆန်ဆန် လွဲနေခဲ့ကြ။


ငြိမ်တော့မယ်ကြံတုန်း
ပင်လယ်သတ္တ၀ါတွေ ငါ့မျက်လုံးထဲ ရေ၀င်ကူးတယ် . . .
လွမ်းကြောင်း၊ ဆွေးကြောင်းတွေလေ
စကားဟမယ်ကြံတုန်း
ငါ့သွားတွေ ရေဘ၀ဲလက်တွေဖြစ်ခဲ့ . . .
ဝေခွဲမှုမှာ စုန်ချည် ဆန်ချည်။


ပန်းပွင့်တွေ အသုဘချတဲ့နေရာရောက်မှ
ပိုပြီးသတိရတတ်တဲ့ ငါ့စာတွေကို ငါမုန်းတယ် . . .
ချစ်သူရေ
လမင်းဆီသွားနေတဲ့ မီးတောက်တွေနောက်ကို
ငါစုန်းရောင်တောက်ပြီးလိုက်ခဲ့ပြီ . . .
မီးစာမကုန်ခင်တော့ ငါ့အလင်းကို နင်မြင်မှာပါ . . . . . ။                         ။


BS

Thursday, October 29, 2009

မပြောသောစကား


အသံမလိုဘူး
ဘာသာစကားမလိုဘူး
အနိမ့်အမြင့်မလိုဘူး
စာလုံးပေါင်းသတ်ပုံမလိုဘူး
ကြားရလား
နင့်အတွက်
ငါ့ရဲ့ မပြောသောစကား . . .

BS

Wednesday, October 28, 2009

Jackfruit Soup

Jackfruit Soup

Covered my head
under
thick cotton blanket;
as the morning chilled
with wheezy breath of hills.
Pretended sleeping
while Mom started her chanting.

Mom,
Your daughter is a lazy bone;
Who thrown her dreams
all upon an imagination,
And enjoying life
with uncertainty of "all in".

I'm just wondering
what if you know that
I'm still chasing
the life of an amateur poet . . .
Will you scold me as before?

Sometimes,
I remember your donation of
pop corn and banana
to wish my luck to be best.
Although you never interested
of my counter arguments,
I fully possess
the feeling of being loved.

Mom,
I do miss a mug
of black coffee
that vaporizing with
sour smell of lemon . . .

What if Mom,
What if I won't get any chance
to tease and disturb you
when you are making
my fave soup of jackfruit?


BS

Friday, October 23, 2009

Be Oceanic

Rating:★★★★
Category:Books
Genre: Religion & Spirituality
Author:Osho
Questions to Osho and Answers by Osho; all are done in POEMs which make me thrill as I've never seen him writing poems before. It's so amazing that he answers all as poems . . .

Here are some lines that I love;

" . . . If you can work it out through relationship, beautiful.
If you cannot work it out through relationship,
then work it out in your loneliness . . . "

". . . With you or without you,
my emptiness remains the same.
The care goes on flowing.
The love goes on flowing.
There is no lover.
I cannot choose to love or not to love. . . . "

Tuesday, October 20, 2009

The Poet


The Poet

A mind

that always agonize
with memorizing things.

A monologue
walks hand in hand with so-called
irrational thoughts.

A light-year
flying with blue birds
of jittery heart.

A sacrifice
of violet burned rhymes
to the King of sky.

A mystery
of unnameable ashes
well understood by none.

Yes,
according to my daddy's prophet,
I'm the poet.

(BS)

Sunday, October 18, 2009

ကဗျာဆရာမ အသည်းကွဲခြင်း

မကြိုးစားချင်တော့ဘူး
လွတ်လပ်ခြင်းတွေ ပဲ့ကျကုန်မှာစိုးလို့ . . .
အရှုံးလည်းမပေးလိုက်ချင်ဘူး
စိတ်ရဲ့ငိုသံကို မကြည့်ရက်လို့ . . .
လမင်းနဲ့အတူ ရေကူးဆင်းတတ်တဲ့
အရောင်တွေအကြောင်း ငါစာလုံးပေါင်းပြခဲ့တာအကြိမ်ကြိမ် . . . .
ငါ မ လိ မ္မာ တတ် ခဲ့ ဘူး။

တဲအိုရဲ့ ခေါင်မိုးဆွေးလေးမှာ
ရေကန်ထဲက ကခြေသည် လက်လက်မှိန်မှိန်တွေအကြောင်း
စာလုံးပေါင်းပြဖို့ ကြိုးစားနေတုန်း
ကလောင်သွားက ငါ့ကို သစ္စာဖောက်တယ်။
နင်လှည့်ထွက်သွားတော့
ကိုယ်ပိုင်ယဉ်ကျေးမှုဆန်မယ်ဆိုတဲ့ ငါ့မနက်ဖြန်တွေလည်း
ခဲဖျက်စာမိတဲ့ စာလုံးလေးလို လိပ်မွပျောက်ကွယ် . . .

ကြယ်စင်ကို လှမ်းရွယ်တုန်းမှာ
ဖုန်တက်သွားတဲ့ လင်္ကာနွမ်းဖတ်ဖတ်တစ်စုံပေါ့။
ငါပြောခဲ့ပါတယ်
စကားလုံးတွေက ခါးပါတယ်လို့ . . .

အနီရောင်သတိပေးသင်္ကေတတွေ
ပြန့်ကျဲနေလိုက်ကြတာ
ငါ့ရဲ့ ကြမ်းပြင်ကြီးမှ ဟုတ်ရဲ့လား . . .

ရင်ကွဲတေးသွား ကြားရမယ်ဆိုတာ
ဖျာမခင်းခင်ကတည်းက သိပါတယ်။
ဒါပေမယ့် နေမ၀င်ခင်ကြားရတာတော့ စောလွန်းပါရဲ့ . . . .
ဘယ်သူမဆိုလေ
ကိုယ်ကတဲ့ဇာတ်လမ်းကိုတော့
အလွမ်းခန်း နည်းချင်တာပေါ့။

ဆုတောင်းမယ်ဆိုတော့လည်း
နင်ပျော်ပါစေဆိုတာကလွဲလို့ တခြားဆုရှာမတွေ့ဘူး . . .
ဘယ်သူမှ နားမလည်တဲ့ ကဗျာလေးလို
စာရွတ်လွတ်ရဲ့ရင်ခွင်မှာ ရှိုက်ကြီးတငင် ငိုပစ်ချင်တယ်ဟာ . . .
ခက်တယ်။
ရှေ့ဖြစ်နိမိတ်တွေကို
ငါဘယ်လို မျက်နှာလွှဲ ခဲပစ် လုပ်ခဲ့သလဲဆိုတာ
နင်က မသိဘူး . . .
ဘယ်သူ့မှာမှ တာဝန်မရှိခဲ့ပါဘူး . . . ။

အလင်းတွေ မလုံလောက်ဘူးဆိုရင်
ထားခဲ့ပါ . . .
ငါကမှ နင့်ကို မပူလောင်စေချင်ခဲ့တာ။
အသုဘဆန်တယ်ဆိုတာ
နင့်မျက်နှာ မဲ့ သွားမယ့်ပုံပြင်ထက်တော့
အများကြီးဖြေသာပါတယ်။

ချစ်သူက လမ်းခင်းပေးတာတောင်
ကောင်းကောင်းမလျှောက်တတ်တဲ့ငါ
ဆိုးတယ်ဆိုတဲ့ကံနဲ့ မျက်နှာချင်းဆိုင်ဝင်တိုက်တာတော့ အသေးအမွှားပေါ့ . . .

ကောင်းကင်ကြီး ကျောခိုင်းတာ ခံလိုက်ရတဲ့
လေလွင့်လွင့် ဖုန်မှုန့်တွေနဲ့
ရယ်တစ်လှည့်မောတစ်လှည့်
ငါ့နေ့စွဲတွေ လွဲနေလိမ့်ဦးမယ် . . .
စိတ်ရဲ့အော်သံတွေနဲ့ ငါ့ဘ၀ကြီး ဆူညံနေတုန်းပဲ
”ချစ်သူ” ငြိမ်းချမ်းပါစေ . . .
”ချစ်သူ” ငြိမ်းချမ်းပါစေ . . .
”ချစ်သူ” ငြိမ်းချမ်းပါစေ . . .။                                 ။

BS
11.56 pm
19.10.09

Friday, October 16, 2009

as it is


"As it is"

Thick green,

Thin green
All are dissolving
From trembling trees.

Surfing pigeons
And jumping fishes,
Rippling water
Lost in between.

Blended by nature
After adding no sugar,
Found back my soul
As a cup of espresso.

BS

Tuesday, October 13, 2009

ပွဲတော်သို့ . . .

Addy:
ပွဲတော်ကိုလွမ်းတယ်
ငါရောက်သွားတော့အစည်းအဝေးကစနေပြီတဲ့
နောက်ကျတာပေါ့
ထားလိုက်ပါ
ဘာမှအရေးမပါမှတော့
ဘာမှအရေးမကြီးတော့ပါဘူး
အိပ်ချင်လာပြီ
မျက်စိထဲမှာ ငွေမျှင်ရောင်လိုင်းလေးပဲမြင်ယောင်နေမိတယ်
ပိုးစုန်းကြူးလေးက မှိတ်တုတ် မှိတ်တုတ်နဲ့

BS:
သူ့အတွက် ရည်စူးထားတဲ့ ကဗျာထုတ်လေးကို မြူမှုန်တွေနဲ့ ထုတ်ပိုးခဲ့တယ်
ပွဲတော်ရဲ့ အကောင်းဆုံးပြကွက်မှာမှ ငါက အိပ်ပျော်နေခဲ့တော့
လွဲပြန်တာပေါ့ဟာ
နေပါစေလေ
သူနဲ့တောင် လွဲမှတော့
ဘယ်အလွဲမှာ အဲလောက်မလွဲနိုင်တော့ပါဘူး
ငိုချင်လာပြီ
မျက်လုံးထဲမှာ အရောင်တွေလျှပ်စီးတဖျက်ဖျက်လက်လို့ . . .
ကြယ်လေးကတော့ ပြုံးနေတုန်းပဲ

Addy:
ဘာပဲဖြစ်ဖြစ်ပါ
ပွဲတော်ကိုရောက်လာမှတော့
ခင်ဗျားလဲ
ကဗျာလေးတစ်ပုဒ်လောက်တော့
ရွတ်သွားပါအုံးလား
ပိုးစုန်းကြူးလေးက ကြယ်လေးကိုလှမ်းပြောတာလား
ကြယ်လေးက ပိုးစုန်းကြူးလေးကိုလှမ်းပြောတာလား
တိုးနေလို့ သေချာမကြားရတာလား
ဝေးနေလို့သေချာမကြားရတာလား
လျှပ်စီး တဖျက်ဖျက်လက်နေတဲ့ကြားမှာ
ငွေမျှင်ရောင်တန်းကလေးကိုတွေ့တယ်

BS:
ကြယ်လေးက ရောင်ပြန်တွေနဲ့ အလင်းလိုပြေးနေတုန်း
ပိုးစုန်းကြူးရဲ့ ကဗျာလေးတွေကို ပွဲတော်ကြီးက နားမလည်ဘူးတဲ့ . . .
ဘာဖြစ်လဲ
ကိုယ့်ကဗျာကို Espresso တစ်ခွက်လို့ တစ်စိမ့်စိမ့်သောက်ပစ်လိုက်တယ်
ညရဲ့နောက်ကိုလိုက်သွားတဲ့ မိုးစက်တွေကို လွမ်းလိုက်တာ . .
ဒီအချိန်ဆို ကြယ်လေး ရေချိုးနေရောပေါ့

Addy:
ဒီလိုနဲ့ ပွဲတော်ကြီးထဲမှာ
လျှောက်သွားနေကြတယ်
ကြယ်လေးရယ်
ပိုးစုန်းကြူးလေးရယ်
ကဗျာလေးရယ်
ငွေမျှင်ရောင်တန်းလေးရယ်
လျှပ်ပန်းတွေရယ်
ကောင်လေးရယ်
ကောင်မလေးရယ်
ကျတော်ရယ်
ခင်ဗျားရယ်
သူရယ်
သူမရယ်။                    ။


BS and A Chen
5:17 pm
13th October 2009
Tuesday
Online
Ching Mai-Bangkok

Monday, October 12, 2009

Firefly Along Silver Line

Baby firefly is sailing
On a yellow maple leaf . . .
Headed by soul
Sometimes up and sometimes low.

A reflection is hiding
Behind lake of it's eyes,
While staring scattered planets . . .
Face to face with the sunset.

No welcome and no goodbye
Among the field of gray clouds

A baby firefly
Dreaming along silver line.

BS
6:22 pm
12 October 2009

Sunday, October 11, 2009

G Force

Rating:★★★
Category:Movies
Genre: Animation
Story line is not a distinct one but characters of rodents are so cute. I also love sound tracks in this movie, i heard BEP's songs too. I would prefer Alvin and the chipmunks as my fave rather this kinda action one . . .

Wednesday, October 7, 2009

ကြိုးရှုပ်တဲ့လှိုင်း

တိမ်းမည်းတစ်အုပ်

ငါ့နောက်ကို ပြိုဆင်းဖို့ ပြေးလာနေကြတုန်း . . .

ငါ့ကဗျာတွေထဲက မျဉ်းဖြောင့်လိုလမ်းတွေ

အဝေးကြီးကို ထွက်ပြေးကုန်ကြတယ်။

 

ဘယ်ဘက်နားထဲမှာ

ပုရစ်ငိုသံတွေ ချာချာလည်နေတုန်း . . .

ညာဘက်နားက

ဖားတွေရဲ့ သံစဉ်နဲ့ အလုပ်များနေလေရဲ့။

 

ဝါကျင်ကျင်မီးတောက်တစ်စုံနဲ့

ငါ့အလွမ်းတွေကို

နင့်ကို လက်ဆောင်ထည့်ပေးနေခဲ့တာ . . .

အခု ဘယ်နှစ်ဘ၀တောင်ကြာသွားခဲ့ပြီလဲ။

 

ဒီလိုနဲ့ပဲ

နှောင်တွယ်ခြင်းရဲ့ လှိုင်းလုံးတွေနဲ့

ဝါယာကြိုးတွေလို ရှုပ်ထွေးရင်း

ငါ့ဘ၀က လမ်းဘေးမီးတိုင်ဆန်နေခဲ့ပြန်တယ် . . . . . ။                     ။

 

BS

3rd Oct 2009