Monday, December 21, 2009

ချစ်သူစီးတဲ့ ဖိနပ်များ

ကန္တာရသဲအုပ်ပေါ်က
နင့်ခြေရာတွေမှာ
စပါးပင်တွေ စိမ်းစေ။

လေပြည်တွေကတောင်မှ
စွန့်စားခန်းတွေအကြောင်း
တိုးတိုးတိတ်တိတ် စိတ်ကူးယဉ်။

ရေခဲပြင်ပေါ်မှာလို
လျှိုမြောင်တွေကို
ရှပ်တိုက်ပြီး တရွေ့ရွေ့။

စိတ်ကူးပေါက်ရင်
ရောင်ပြန်တွေဖက်လှဲတကင်းနဲ့
ရိုးရာ ဆန်ဆန်။

ကားနဲ့လူ မသဲကွဲတဲ့လမ်းမှာ
စိတ်လိုလက်ရ
လွန်းပြန်ယက်။

ချစ်သူစီးတဲ့ ဖိနပ်များ . . .


BS

29 November 2009

အညတြ

အညတြ

A Chen
အိပ်စက်ခြင်းတွေနဲ့ဝေးရာ
ငါရောက်နေမိတယ်
ဖန်သားပြင်ပေါ်မှာ
စာတွေရိုက်လို့
ငါ့အတွေးတွေ ကို
စကားလုံးတွေအဖြစ်နဲ့ဖော်ပြ
သြော် ငါရေးနေတာ
ကဗျာတဲ့လား

သြော်
ကဗျာရေးနေတာ
ငါတဲ့လား?

BS

နာရီလက်တံကြီး
တဝီဝီမြည်နေလိုက်တာ
ငါနဲ့ ဘာမှမပတ်သက်သလိုပဲ
အိပ်စက်ခြင်းကို
နားမလည်တဲ့စိတ်တွေ
နေပစေ
နင့်အရိပ်တွေရဲ့ ဘေးမှာ

A Chen

ညကြီးကလဲ လမပါ
အမှောင်တွေချည်းပဲ
ဘဝကကော
အရောင်တွေမဲ့ပြီး
တီးမုန်းစရာ
နှောင်တွယ်ခြင်းမဲ့
မင်းမရှိတော့ ငါ့မှာ
ခဏတာတောင် မှ
ယောင်လည်ရင်းလွဲ

BS

ဘဝမှာ
နံပါတ်တွေပျောက်နေတယ်
လမ်းဘေးကိုခုန်ချခဲ့ပါ
အနုပညာသည်တဲ့လေ
ငါ…
ဘယ်ခြုံကို ခိုရမှာလဲ
???

A Chen

ငါ့မှာ
သုညတွေပျောက်နေတယ်
မြောင်းထဲကိုရောက်နေတယ်
(ဆပ်ပြာ)
ပူဖောင်းထဲမှာတောင်
ပြန်ပြန် “ပေါက်” နေတယ်
ကဲဘယ်လိုလဲ




BS and A Chen
2:16 am
6th December 2009
Bkk, chaing mai
Online