Thursday, January 6, 2011

အနုမြူယှက်သော အတွေးများ

တော်တော် အသုံးမကျတဲ့ ဖူးစာရေးနတ်
အနုမြူခေတ်ကြီးရောက်တာတောင်
သေနတ်မကိုင်တတ်သေးဘူး။

လွှင့်ပစ်လိုက် နင့်ရဲ့လေးနဲ့မြားတွေ
မဆိုင်သူတွေ ကောက်ယူပြီး
ထင်းဆိုက်ပလေ့စေ။

ဗီးနပ်စ်မရေ . . .
နင်ကလည်း လက်အတုလေးဘာလေး တပ်တော့လေဟာ
စက်ရုပ်တွေကဖြင့် စစ်ကြေငြာကြတော့မယ်။

ဘာဖြစ်သေးလဲ
အနုမြူခေတ်ကြီးကိုအကြောင်းပြ
တို့တတွေ လူသားဆန်ဆန် မိုက်ရိုင်းလိုက်ကြရအောင်။

ပေါင်မုန့်လေးတစ်ဖဲ့နှစ်ဖဲ့အတွက်
အဲဒီလောက်ထိ ရဲရင့်ပြမနေနဲ့ ငါ့ရဲ့ပိုးဟတ်ရေ . . .
ဦးနှောက်တစ်တောစာလုံး ငတ်ခဲ့ရတဲ့သူပါ။

Sisyphus လို နိစ္စဓူဝဆိုပေမယ့်လည်း
မငြီးငွေ့ရဲပါဘူး . . .
တို့တတွေမှာ Ipod တပ်ထားတယ်လေကွယ်။              ။

BS
7:44 pm
6 Jan 2011
Ygn