| Rating: | ★★★★★ |
| Category: | Movies |
| Genre: | Drama |
Story is also really romantic one, but i think there is a korea movie which is quite the same with this one. anyway, i love it :P
I'm sure you gotta feel just like something is missing in your heart :)
| Rating: | ★★★★★ |
| Category: | Movies |
| Genre: | Drama |
ငိုတစ်ခါ ရယ်တစ်လှည့်စာလုံးပေါင်းခဲ့တဲ့
ငါ့ရဲ့ ရာဇ၀င်အစုတ်အပြတ်ကို
အလန့်တကြားနဲ့ ပြန်ကြည့်မိချိန်မှာ
မျှော်လင့်ချက်တွေဟာ ကသောင်းကနင်းနဲ့
မှင်နီတွေ ဝေသီနေလေရဲ့ . . . ။
ငါကလည်း . . .
ဖြစ်ခြင်းနဲ့ ပျက်ခြင်းကို
သစ်ရွက်ကြွေခြင်းလောက်ပဲ နားလည်ခဲ့တဲ့
ခပ်တုံးတုံး အန္ဓတစ်ယောက် . . . ။
တကယ်မရှိခဲ့တဲ့ `ငါ´ဆိုတဲ့ ဖြစ်တည်ခြင်းကို
အသည်းအသန်ကိုင်စွဲရင်း
နေ၀င်ချိန်နဲ့ နေထွက်ချိန်တွေကြားမှာ
သေမင်းရဲ့ လေချွန်သံက တိုးတစ်လှည့် ကျယ်တစ်လှည့် . . . ။
မေ့မေ့လျော့လျော့နဲ့ ပျော်နေလိုက်တဲ့ငါ့ကို . . .
ယမမင်းက မျက်စိတစ်ဖက်မှိတ်ပြတယ်။
ပြောသေးတယ်
`ထမင်းဝအောင် စားထား´ တဲ့။
လင်းလိုက်မှောင်လိုက်နဲ့
ဝေေ၀၀ါးဝါး သံယောဇဉ်တွေကလည်း
လစ်ရင်လစ်သလို ငါ့ကိုပြုစားတယ်။
အတတ်နိုင်ဆုံး ပျော်အောင်နေခဲ့ပါတယ်။
မှော်ရုံကို ၀င်ဖို့
ဘယ်လောက်ပဲ စိတ်ကူးတွေ တ၀ုန်းဝုန်းတိုက်ခတ်ခဲ့ပေမယ့်
တကယ်တမ်းမှာတော့
ငါက ဒုက္ခရဲ့ ရင်ခွင်မှာ တမေ့တမော အိပ်စက်နေတုန်း . . . . . ။ ။
(BS)
When I know the music I wanna hear is Silence . . .
Dance of people from the festival
Gives me the sickness of the thoughts.
I'll stay in the magic music of silent.
When I know the best bed is the Ground . . .
Sound sleep lost among the nightmares.
Anyway the sun will wake me up.
I salute you the earth.
When I know the place I belong is Deep jungle . . .
I bow to the trees,
Feel the breeze across the leaves.
Actually, the only person I can't understand is me.
(BS)
တိမ်တွေတောင်မကောင်းဆိုးဝါးပုံတွေဖြစ်လို့ . . .
နာနာကျင်ကျင်နဲ့အော်ဟစ်နေသူတွေလေ။
စိတ်ထဲမှာစွန်းတဲ့သွေးကဆေးပစ်လို့မရဘူးဟ။
ငါတို့ရဲ့ အံကြိတ်သံတွေက
နွေရာသီရွက်ကြွေရဲ့အော်ညည်းသံမျိုးဖြစ်ရဲ့။
ဘယ်လိုအပြုံးမျိုးသုံးပြီး ခွင့်လွှတ်ရဦးမှာလဲဟာ။
စကြာလိုမွှေပြီး လျှောက်တတ်တဲ့
အဲဒီကျည်ဆံရဲ့ ကောက်ကြောင်းကို
နင့်ရင်ဘတ်ထဲ ဘယ်နှစ်ခေါက်ထည့်ခဲ့ဖူးလို့လဲ။
သွားစမ်းပါ၊
ဝိညာဉ်လု ကျိန်စာမိခဲ့သူတွေပေါ့။
တကယ်တမ်းတော့ . . .
သေမင်းကို စိမ်ခေါ်တာဟာ
ငါတို့တွေးထားသလောက် ကြောက်စရာမကောင်းခဲ့ပါဘူး။ ။
(BS)
အဲဒီမျက်တောင်ရှည်တွေအောက်မှာ
သက်တန့်တစ်ခု ငါ . . အရူးအမူး ပုံဖော်ခဲ့ဖူးတယ်။
ဘာရယ်မဟုတ်ပါဘူး . . .
သီချင်းလေးတစ်ပိုင်းတစ်စညည်းရင်းနဲ့
လွမ်းစရာတွေကို ခရုလိုလိုက်ကောက်ခဲ့ဖူးတယ်။
တခါတလေကျတော့လည်း
နင့်ရဲ့အပြုံးတွေနဲ့
ငါ့ကဗျာတွေ ဒေါင်ချာစိုင်းအောင် မူးနေခဲ့ဖူးတယ်။
ငါနားမလည်တဲ့ စကားလုံးတွေကို
အရင်လိုပဲ ရေရွတ်လှည့်ပါ။
အိပ်မက်ထဲမှာ နင့်ကိုတွေ့တဲ့နေ့က
ကြယ်ရောင်တွေနဲ့အတူ ငါတ၀ကြီးပြုံးနေခဲ့ဖူးတယ်။
နင့်ရဲ့စိန်ခေါ်အကြည့်တွေအောက်မှာ
ငါ့ပုံပြင်တွေ စာလုံးမပေါင်းတတ်တော့ဘူး။
ပင်လယ်အမှတ်နဲ့ လက်ပစ်ကူးခဲ့မိသူရယ်ပါ၊
အဆုံးသတ်ကျမှ
လမ်းတွေက မဖြောင့်ဖြူးဘူးဆိုရင်လည်း
နေပါစေတော့၊
မနက်စောစောမှပဲ
ငါ . . . စံပယ်ဖူးတွေ ခူးတော့မယ်။ ။
(BS)
မဆိုတတ်လို့
ဒီသီချင်းပျက်ခဲ့ရတာ မဟုတ်ပါဘူး။
အ၀င်အထွက် နည်းနည်းလေး နောက်ကျခဲ့တာပါ . . .
မရဲရင့်နိုင်ပေမယ့်
သူရဲကောင်းဖြစ်ချင်မိသူ . . .
အခုတော့ . . .
အကြောင်းပြချက်မျိုးစုံအောက်မှာ
သွေးရူးသွေးတန်းဖြစ်လို့ ။ ။
(BS)
At least,
I should say, you look good with black clothes . . .
Rather than creeping around your shadows.
I just overdose myself with inferiority complex . . .
You become the needle in my neck.
At least,
I shouldn't switch too swift . . .
How can I forget those wizard eyes ?
Addicting to the look can't sound like a myth,
You become the rhyme which I can't deny.
(bs)