Saturday, December 15, 2007

ရင်နင့်ခြင်း

တိမ်တွေတောင်မကောင်းဆိုးဝါးပုံတွေဖြစ်လို့ . . .

နာနာကျင်ကျင်နဲ့အော်ဟစ်နေသူတွေလေ။

စိတ်ထဲမှာစွန်းတဲ့သွေးကဆေးပစ်လို့မရဘူးဟ။

 

ငါတို့ရဲ့ အံကြိတ်သံတွေက

နွေရာသီရွက်ကြွေရဲ့အော်ညည်းသံမျိုးဖြစ်ရဲ့။

ဘယ်လိုအပြုံးမျိုးသုံးပြီး ခွင့်လွှတ်ရဦးမှာလဲဟာ။

 

စကြာလိုမွှေပြီး လျှောက်တတ်တဲ့

အဲဒီကျည်ဆံရဲ့ ကောက်ကြောင်းကို

နင့်ရင်ဘတ်ထဲ ဘယ်နှစ်ခေါက်ထည့်ခဲ့ဖူးလို့လဲ။

 

သွားစမ်းပါ၊

ဝိညာဉ်လု ကျိန်စာမိခဲ့သူတွေပေါ့။

 

တကယ်တမ်းတော့ . . .

သေမင်းကို စိမ်ခေါ်တာဟာ

ငါတို့တွေးထားသလောက် ကြောက်စရာမကောင်းခဲ့ပါဘူး။         ။

(BS)

2 comments:

  1. အားပေးသွားတယ်သူငယ်ချင်းရေ... နှင်းစုရေ နင့်ကဗျာလေးတွေက တို့ကို အမြဲလိုလိုခွန်အားတွေပေးနေတယ်နော်...ကျေးဇူးပါပဲသူငယ်ချင်းရေ

    ReplyDelete
  2. အခုလို ဖတ်တဲ့အတွက်လည်း ကျေးဇူးပဲသယ်ရင်း

    ReplyDelete