တိမ်တွေတောင်မကောင်းဆိုးဝါးပုံတွေဖြစ်လို့ . . .
နာနာကျင်ကျင်နဲ့အော်ဟစ်နေသူတွေလေ။
စိတ်ထဲမှာစွန်းတဲ့သွေးကဆေးပစ်လို့မရဘူးဟ။
ငါတို့ရဲ့ အံကြိတ်သံတွေက
နွေရာသီရွက်ကြွေရဲ့အော်ညည်းသံမျိုးဖြစ်ရဲ့။
ဘယ်လိုအပြုံးမျိုးသုံးပြီး ခွင့်လွှတ်ရဦးမှာလဲဟာ။
စကြာလိုမွှေပြီး လျှောက်တတ်တဲ့
အဲဒီကျည်ဆံရဲ့ ကောက်ကြောင်းကို
နင့်ရင်ဘတ်ထဲ ဘယ်နှစ်ခေါက်ထည့်ခဲ့ဖူးလို့လဲ။
သွားစမ်းပါ၊
ဝိညာဉ်လု ကျိန်စာမိခဲ့သူတွေပေါ့။
တကယ်တမ်းတော့ . . .
သေမင်းကို စိမ်ခေါ်တာဟာ
ငါတို့တွေးထားသလောက် ကြောက်စရာမကောင်းခဲ့ပါဘူး။ ။
(BS)
အားပေးသွားတယ်သူငယ်ချင်းရေ... နှင်းစုရေ နင့်ကဗျာလေးတွေက တို့ကို အမြဲလိုလိုခွန်အားတွေပေးနေတယ်နော်...ကျေးဇူးပါပဲသူငယ်ချင်းရေ
ReplyDeleteအခုလို ဖတ်တဲ့အတွက်လည်း ကျေးဇူးပဲသယ်ရင်း
ReplyDelete