အဲဒီမျက်တောင်ရှည်တွေအောက်မှာ
သက်တန့်တစ်ခု ငါ . . အရူးအမူး ပုံဖော်ခဲ့ဖူးတယ်။
ဘာရယ်မဟုတ်ပါဘူး . . .
သီချင်းလေးတစ်ပိုင်းတစ်စညည်းရင်းနဲ့
လွမ်းစရာတွေကို ခရုလိုလိုက်ကောက်ခဲ့ဖူးတယ်။
တခါတလေကျတော့လည်း
နင့်ရဲ့အပြုံးတွေနဲ့
ငါ့ကဗျာတွေ ဒေါင်ချာစိုင်းအောင် မူးနေခဲ့ဖူးတယ်။
ငါနားမလည်တဲ့ စကားလုံးတွေကို
အရင်လိုပဲ ရေရွတ်လှည့်ပါ။
အိပ်မက်ထဲမှာ နင့်ကိုတွေ့တဲ့နေ့က
ကြယ်ရောင်တွေနဲ့အတူ ငါတ၀ကြီးပြုံးနေခဲ့ဖူးတယ်။
နင့်ရဲ့စိန်ခေါ်အကြည့်တွေအောက်မှာ
ငါ့ပုံပြင်တွေ စာလုံးမပေါင်းတတ်တော့ဘူး။
ပင်လယ်အမှတ်နဲ့ လက်ပစ်ကူးခဲ့မိသူရယ်ပါ၊
အဆုံးသတ်ကျမှ
လမ်းတွေက မဖြောင့်ဖြူးဘူးဆိုရင်လည်း
နေပါစေတော့၊
မနက်စောစောမှပဲ
ငါ . . . စံပယ်ဖူးတွေ ခူးတော့မယ်။ ။
(BS)
bs,mite tal..I like all ur poem as always..
ReplyDeletelovely poem...
ReplyDeletehee hee :D
ReplyDeletethank you so much :P
Frankly, it's my real feeling :D :D :D
ြ့မန်မာလိုရေးဖို့ လက်ကွက်ကို တော်တော် ပြောင်းယူရတယ်။
ReplyDeleteခံစားချက်အစစ်ဆိုတာ ယုံပါတယ်။
hee hee
ReplyDeleteလောကကြီး ချစ်ခြင်းတွေနဲ့ လှနေပါစေ . . .
u r almost becoming Tar Yar Min Wai.
ReplyDeleteI love it.
:D :D.
haa haa :D :D
ReplyDeleteHe is my inspiration
U mean I become like him; die like him :D :D ?
May be, why not ? :P :P :P