Saturday, December 15, 2007

ယူဆရသော “ချစ်မိခြင်း” . . .

အဲဒီမျက်တောင်ရှည်တွေအောက်မှာ

သက်တန့်တစ်ခု ငါ . . အရူးအမူး ပုံဖော်ခဲ့ဖူးတယ်။

 

ဘာရယ်မဟုတ်ပါဘူး . . .

 

သီချင်းလေးတစ်ပိုင်းတစ်စညည်းရင်းနဲ့

လွမ်းစရာတွေကို ခရုလိုလိုက်ကောက်ခဲ့ဖူးတယ်။

တခါတလေကျတော့လည်း

နင့်ရဲ့အပြုံးတွေနဲ့

ငါ့ကဗျာတွေ ဒေါင်ချာစိုင်းအောင် မူးနေခဲ့ဖူးတယ်။

ငါနားမလည်တဲ့ စကားလုံးတွေကို

အရင်လိုပဲ ရေရွတ်လှည့်ပါ။

 

အိပ်မက်ထဲမှာ နင့်ကိုတွေ့တဲ့နေ့က

ကြယ်ရောင်တွေနဲ့အတူ ငါတ၀ကြီးပြုံးနေခဲ့ဖူးတယ်။

 

နင့်ရဲ့စိန်ခေါ်အကြည့်တွေအောက်မှာ

ငါ့ပုံပြင်တွေ စာလုံးမပေါင်းတတ်တော့ဘူး။

 

ပင်လယ်အမှတ်နဲ့ လက်ပစ်ကူးခဲ့မိသူရယ်ပါ၊

အဆုံးသတ်ကျမှ

လမ်းတွေက မဖြောင့်ဖြူးဘူးဆိုရင်လည်း

နေပါစေတော့၊

မနက်စောစောမှပဲ

ငါ . . . စံပယ်ဖူးတွေ ခူးတော့မယ်။        ။

(BS)

7 comments:

  1. bs,mite tal..I like all ur poem as always..

    ReplyDelete
  2. hee hee :D
    thank you so much :P
    Frankly, it's my real feeling :D :D :D

    ReplyDelete
  3.့ြ့မန်မာလိုရေးဖို့ လက်ကွက်ကို တော်တော် ပြောင်းယူရတယ်။
    ခံစားချက်အစစ်ဆိုတာ ယုံပါတယ်။

    ReplyDelete
  4. hee hee
    လောကကြီး ချစ်ခြင်းတွေနဲ့ လှနေပါစေ . . .

    ReplyDelete
  5. u r almost becoming Tar Yar Min Wai.
    I love it.
    :D :D.

    ReplyDelete
  6. haa haa :D :D
    He is my inspiration
    U mean I become like him; die like him :D :D ?
    May be, why not ? :P :P :P

    ReplyDelete