ဘယ်ပြာပုံကိုမှ ငါဝင်မတိုးခဲ့ပါဘူး
ကိုယ့်ကိုကိုယ် မီးလောင်တိုက်သွင်းပြီး မွဲခဲ့သူပါ။
လွမ်းတယ်လို့ ခဏခဏညည်းလွန်းလို့
ခိုရောင်ပေါက်နေတာလည်းဖြစ်နိုင်ပါတယ်။
ဒီတစ်ပွဲတော့ နိုင်အောင်နွှဲမယ်လို့ အားခဲတဲ့အခါမှ
အချိန်တွေ အတွက်လွဲခဲ့သူရယ်ပါ။
ကိုယ့်ရင်ကိုစိုက်မယ့် မြားတစ်လက်ရဲ့ အတိမ်အနက်ကို
ငါ မတွက်တတ်ခဲ့ပါဘူး။
လှည်းဘီးအိုကြီးလို
တစ်လိမ့်ချင်း လိမ့်နေပါတယ်။
ဒီလမ်းတွေကို လျှောက်နေတုန်းမှာ
ကိုယ့်ကိုကိုယ်မုန်းရတာ အပင်ပန်းဆုံးပဲ။
ဗေဒင်တွေမေးကြည့်တော့
ငါ့ရဲ့ ကံ ကဖုန်နည်းနည်း ထနေတယ်တဲ့။
ဗေဒင်ဆရာကို ငါ တယောထိုးပြခဲ့တယ်။
နေပါစေ။
အသည်းကွဲတယ်ဆိုတာ ကဗျာတစ်ပုဒ်ထက်မပိုပါဘူးတဲ့။
ဘယ်သူပြောလဲ ?
ပြက္ခဒိန်တွေတောင် မူးကြောင်ကြောင်နဲ့ အလဲလဲအကွဲကွဲဖြစ်လို့။
ဘာပဲဖြစ်ဖြစ်လေ . . . . .
ငါပျော်အောင်နေပါ့မယ်။
(BS)
I don't think that u r not happy.
ReplyDeleteOf course !!!!
ReplyDeletei'm da happiest person in da world :D