စကားတစ်ခွန်းပဲတတ်တဲ့ ကြက်တူရွေးတစ်ကောင်လို
ရေရွတ်မှုတွေ အံသေလာတဲ့အခါ
ဝတ်ရုံနက်ရဲ့ လှော်တက်သံကို
ခပ်ပါးပါးလေး ကန်းတတ်လာတယ်။
တကယ်တမ်း သင်္ချိုင်းမြေမှာ ရပ်ကြည့်မိတော့
အသက်ရှူနေရတာက
တစ္ဆေတစ်ကောင်ထက် ပိုကြောက်ဖို့ ကောင်းတယ်။
မြူဆိုင်းနေတဲ့ ရှင်သန်မှုရဲ့
ရှေ့ဖြစ်တွေအတွက်တော့
ဆုတောင်းတွေက ကသောင်းကနင်းနိုင်လွန်းပါရဲ့။
(BS)
i can feel it....
ReplyDeleteGood Poems,.. thanks for sharing ....
ReplyDelete