Tuesday, November 25, 2008

ပုန်ကန်မှုများအကြောင်း . . . .

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ် တဲ့။

လက်တစ်ဖက်တည်းနဲ့ ယောက်ယက်ခတ်ဆူညံနေတဲ့ ပလုတ်တုတ်ကို အဲဒီအကြောင်း သွားပြောပေးစေချင်တယ်။

ပလုတ်တုတ်လိုပဲ တစ်ယောက်တည်း ယောက်ယက်ခတ် တစ်ဖက်သတ်ဆူညံတတ်သူများလည်း တိတ်ဆိတ်တတ်ကြပါစေ။

ဘ၀က ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ပိုစတာပေါ်က မင်းသားမင်းသမီးပုံတွေလိုပဲ . . . လှတော့လှတယ်၊ ဒါပေမယ့် ဟောင်းနွမ်းညစ်ထပ်နေပြီ။

ပျော်ပါတယ်လို့ ပြောပြောပြီး ငိုနေရတာကို ပျော်စရာကောင်းတယ်လို့ ထင်ခဲ့တာ တကယ်တော့ ပျော်စရာမကောင်းခဲ့ပါဘူး။

သူများအစွန်းနဲ့လွတ်အောင်နေတတ်ချင်ခဲ့တော့ ကိုယ့်အစွန်းကို အထိတ်တလန့်နဲ့ အလိုလို အပြေးရောက်သွားတတ်တယ်။

မှား၏ မှန်၏ ငါအလိုမရှိပါ။

သာမန်လူလိုမနေလို့ လောကကြီးရဲ့ အနားသတ်တွေ ကျဉ်းမယ်ဆိုရင်လည်း ကျဉ်းသွားစမ်းပါစေ . . .

တစ်ကိုယ်နေစာလေးကိုပဲ ပျော်ပျော်ကြီး ကျယ်ဝန်းလိုက်ပါ့မယ်။

ငါ ပုန်ကန် ပါရစေ . . . . . . . . . . ။                                ။

(BS)

4 comments: