Monday, December 21, 2009

ချစ်သူစီးတဲ့ ဖိနပ်များ

ကန္တာရသဲအုပ်ပေါ်က
နင့်ခြေရာတွေမှာ
စပါးပင်တွေ စိမ်းစေ။

လေပြည်တွေကတောင်မှ
စွန့်စားခန်းတွေအကြောင်း
တိုးတိုးတိတ်တိတ် စိတ်ကူးယဉ်။

ရေခဲပြင်ပေါ်မှာလို
လျှိုမြောင်တွေကို
ရှပ်တိုက်ပြီး တရွေ့ရွေ့။

စိတ်ကူးပေါက်ရင်
ရောင်ပြန်တွေဖက်လှဲတကင်းနဲ့
ရိုးရာ ဆန်ဆန်။

ကားနဲ့လူ မသဲကွဲတဲ့လမ်းမှာ
စိတ်လိုလက်ရ
လွန်းပြန်ယက်။

ချစ်သူစီးတဲ့ ဖိနပ်များ . . .


BS

29 November 2009

2 comments:

  1. အား .
    ဒီတစ်ပုဒ်တော့အတော်လေး ခိုက်၏

    ကန္တာရသဲအုပ်ပေါ်က
    နင့်ခြေရာတွေမှာ
    စပါးပင်တွေ စိမ်းစေ။

    ဒါလေးရေလည်ခိုက်တယ်
    ဘာလို့လဲ ဆိုတော့ ကျနော်လဲ အဲ့လို ခြေရာလေးကို သုံးဖူးတယ်

    ခဏလောက်ဖြစ်ဖြစ် ထားခဲ့ပါ
    အဲ့သည့် မင့်ခြေရာတွေပေါ်မှာ
    ခုန်ပေါက်နေချင်လို့ ....

    ဆိုပြီး သုံးခဲ့ဖူးတယ်

    ကြိုက်၏ မဘုတ်ဆုံရေ

    ReplyDelete