ပျော်စရာမကောင်းတဲ့
ညနေနီနီတွေကို
ပျင်းပျင်းနဲ့ ဖြတ်ပြေးတော့
ကြော်ငြာဘုတ်တစ်ခုကို ၀င်တိုက်မိတယ်။
နင့်လူမျိုးနဲ့ ငါ့လူမျိုး
လက်ဝှေ့ထိုးကြမလို့တဲ့
ဘယ်သူလဲလဲ ငါတို့ မပျော်ရမယ့်ပွဲကြီး
မကြည့်ချင်ဘူးဟာ။
ပိုးဖလံလည်း
သူ့တစ်ရင်စာတော့ ကွဲရှာမယ် . . .
နင်တောင်းတဲ့ဆုကလည်း
ငါချောင်းကြည့်လို့မှ မရခဲ့တာ။
ဒီလိုနဲ့
သံသရာကို ဒေါင်လိုက်လေး
ကန့်လန့်တိုက်ခဲ့တော့
နင်နဲ့ငါ မျက်နှာချင်းဆိုင် လွဲတယ်။
Wall E ဆန်ဆန်
ငါ့နေ့ညတွေကို အစုန်အဆန်
ကွေးချည်ဆန့်ချည် ဆန့်ချည်ကျုံ့ချည်
ငါ့ကမ္ဘာအက်အက်မှာ နင့်သီချင်းပဲ မြည်နေတယ်။
နေရောင်ထိတဲ့ စိတ်ကူးတွေက
ဘီယာလောက် ခါးသလား . . .
နင့်ကိုလွမ်းလွမ်းနဲ့ငါ
မုန့်စိမ်းပေါင်းနဲ့ Lactasoy ၀ယ်စားပစ်လိုက်တယ်။ ။
BS
3.3.10
6.53 pm
Ygn
ညနေနီနီတွေကို
ပျင်းပျင်းနဲ့ ဖြတ်ပြေးတော့
ကြော်ငြာဘုတ်တစ်ခုကို ၀င်တိုက်မိတယ်။
နင့်လူမျိုးနဲ့ ငါ့လူမျိုး
လက်ဝှေ့ထိုးကြမလို့တဲ့
ဘယ်သူလဲလဲ ငါတို့ မပျော်ရမယ့်ပွဲကြီး
မကြည့်ချင်ဘူးဟာ။
ပိုးဖလံလည်း
သူ့တစ်ရင်စာတော့ ကွဲရှာမယ် . . .
နင်တောင်းတဲ့ဆုကလည်း
ငါချောင်းကြည့်လို့မှ မရခဲ့တာ။
ဒီလိုနဲ့
သံသရာကို ဒေါင်လိုက်လေး
ကန့်လန့်တိုက်ခဲ့တော့
နင်နဲ့ငါ မျက်နှာချင်းဆိုင် လွဲတယ်။
Wall E ဆန်ဆန်
ငါ့နေ့ညတွေကို အစုန်အဆန်
ကွေးချည်ဆန့်ချည် ဆန့်ချည်ကျုံ့ချည်
ငါ့ကမ္ဘာအက်အက်မှာ နင့်သီချင်းပဲ မြည်နေတယ်။
နေရောင်ထိတဲ့ စိတ်ကူးတွေက
ဘီယာလောက် ခါးသလား . . .
နင့်ကိုလွမ်းလွမ်းနဲ့ငါ
မုန့်စိမ်းပေါင်းနဲ့ Lactasoy ၀ယ်စားပစ်လိုက်တယ်။ ။
BS
3.3.10
6.53 pm
Ygn
နင့်လူမျိုးနဲ့ ငါ့လူမျိုး
ReplyDeleteလက်ဝှေ့ထိုးကြမလို့တဲ့
ဘယ်သူလဲလဲ ငါတို့ မပျော်ရမယ့်ပွဲကြီး
မကြည့်ချင်ဘူးဟာ။
love it
:)
နင့်အမျိုးနဲ့ ငါ့အမျိုး . . . လို့ ပြင်ရင်လည်း မဆိုးဘူးနော်
ReplyDelete:D
hee hee
ReplyDeletehote pa
el dar so yin tot kyi chin tal bya
:D
ခံစားချက်တွေ တိုက်ဆိုင်သွားတယ်ဟုတ်? hahaha
ReplyDelete