Saturday, April 3, 2010

ချစ်သူဟု ခေါ်ပါသည်။ (၂)

မနက်စောစော
အလင်းအေးစက်စက်၏
ရောင်စဉ်များတွင်
ချစ်သူနှင့်အတူတူ
ဘဝကို ဝဝလင်လင် ရှူရှိုက်နေချင်ပါသည်။

ချစ်သူကတော့
သူ့မူပိုင် ပါးချိုင့်တစ်ဖက်တည်းနှင့်
ပြုံးနေပါလိမ့်မည်။

ထိုသို့သော အချိန်မျိုးတွင်မှ
ယုတ္တိတန်ခြင်းက
ရလုရခင် ဈာန်တရားကို
ဆင်ဆာဖြတ်ပစ်မည်ဆိုလျှင်
ကိုယ့်တတိယအမြင်သည်
ငြိမ်ခံနေလိမ့်မည်မထင်ပါ။

မနက်စောစော
အိပ်မက်မဝသေးချိန်တွင်
ချစ်သူကို လွမ်းသောကြောင့်
မျက်ရည်အလျဉ်ကိုသာ
ခြေပစ်လက်ပစ် လှော်ခတ်လိုက်ပါတော့သည်။


BS
3 Apr 2010
(VERY) Early Morning

3 comments:

  1. သူကလည်း လွမ်းတတ်လိုက်တာ...လွန်ေ၇ာ.. :P
    bdw it's really cute like Yanaing said:)

    ReplyDelete