Friday, May 7, 2010

ရာသက်ပန်အလွမ်း

ရေခဲတုံးတွေ . . . ရေခဲတုံးတွေ
ငါ့ကျောရိုးထဲမှာ ၀ုန်းဒိုင်းကြဲပြီး မျောချင်တိုင်း မျောနေကြတဲ့ ေ ရ ခဲ တံုး ေ တြ
ကံအပဲ့တစ်ခုကြောင့် ဆုံဆည်းခြင်းတွေ ကဗောက်တိကဗောက်ချာ . . .
တသက်လုံး အံကြိတ် ဆုပ်ထားခဲ့တဲ့ လက်သီးတွေကို ဖြည်ကြည့်တော့
မြေမှုန်စတွေပဲ တဖွဲဖွဲကျလာခဲ့။
အလှဆုံးစိတ်ကူးကနေ ကမန်းကတန်း ရပ်လို့မရ
ငါ့အရိုးဆွေးမယ့်မြေက မျက်ရည်တွေနဲ့ ဗွက်ထနေခဲ့ပေါ့ . . .
ချစ်တဲ့သူရဲ့ လေချွန်သံတွေ ကြားတယ်
သူကြိုက်တဲ့ သီချင်းလိုလို . . . ငါကြိုက်တဲ့ သီချင်းလိုလို . . . ။
တကယ်ဆို ငါတို့ ဒီထက် နည်းနည်းလေးပဲဖြစ်ဖြစ် ပိုပြီး သတ္တိရှိခဲ့ဖို့ကောင်းတာ။
ကဲ . . . အခုတော့
ငါ့ ထွက်သက်ကလည်း မီးခိုးတွေ အူပြီ
နင့် စကားလုံးတွေမှာလည်း ပြာနံ့သက်သက်
ချစ်တဲ့သူရေ
တကယ်တော့ သေမင်းဆီမှာ နင်နဲ့ငါလို လွမ်းတတ်တဲ့စိတ်မရှိဘူးထင်တယ်ဟာ . . . ။      ။

BS

Dedicated to  ===>>> All the people who are ill and miss someone they love. & Myself for times of being sick.

3 comments:

  1. r u not feeling well?
    :(
    what happen?

    ReplyDelete
  2. fever + one-sided headache as usual ... at first doubt for malaria/typhoid but at last, it's nothing. heheheheee :D No special dx :P May be being staying still make me sick :(

    ReplyDelete
  3. ပုံစံအသစ်လေးနော်။ ကြိုက်တယ် အစ်မ။ :)

    ReplyDelete