Tuesday, June 1, 2010

တရားမဝင်တဲ့ အလွမ်း

တရားမဝင်တဲ့ အလွမ်း


မကျွမ်းကျင်တဲ့

ဆတ္တာသည်တစ်ယောက် လက်ထဲက
လွတ်ကျသွားတဲ့ ကိုက်ကြေးတစ်လက် . . .

စိတ်ရဲ့ အနိမ့်အမြင့်တွေကို အပိုင်းပိုင်းဖြတ်တယ်။

ဝေ့ဝဲလွင့်ကျလာလိုက်တာ . . .

ဖွာလန်ကြဲ အယုံတရားတွေ
နယုန်လပြည့် တိမ်ပါးပါးတွေပေါ်မှာ ဖြတ်ပြေးနေဆဲ . . .

တရားမဝင်ဘဲ လွမ်းချင်တဲ့ ကဗျာ
စိတ်နောက်သူ ပိုစားမိမယ့်
ပဒိုင်းသီးတစ်လုံးထက်မပိုဘူး . . .

“နေ”ပဲမြင့်မြင့်
“လ”ပဲမြင့်မြင့်
ငါ့ရဲ့ကြောင်တောင်တောင် အိပ်မက်တွေထဲမှာ
ဒီရေတွေ တက်ဆဲ . . . ။


BS
9:25 pm
2nd June 2010

3 comments:

  1. လွမ်းတာတောင် တရားမဝင်ဘူးတဲ့လားအစ်မရယ်။ :P
    အရမ်းကောင်းတယ်ဗျ။ I love it so much
    :)

    ReplyDelete
  2. အေးဟာ . . . အဖြစ်က ဆိုးတယ် . . .
    လွဲတာမှ ကဗျာ ရက်စွဲတောင်မှားရေးမိပါတယ်ဆို . . .
    ရေးတဲ့နေ့က 1.6.2010 ဒါပေမယ့် 2.6.2010 လို့မှားတာလေ . .
    လွဲနိုင်စိန်ပေါ့အေ . . .

    ReplyDelete