ကျဆုံးသွားခဲ့သော . . .
အရှုံးတစ်ခုရဲ့
ဝီစီမှုတ်သံအဆုံးသတ်မှာ
ဓာတ်တိုင်တစ်တိုင်ကိုပဲ မြင်မိတယ် . . .
သူ့မှာ ခွေလိမ်ကောက်ကွေးနေတဲ့
ဓာတ်ကြိုးတွေမရှိဘူး၊
မီးမလင်းတာကလွဲလို့
သူဟာ ဓာတ်တိုင်တစ်တိုင်ဖြစ်ရဲ့။
သူ့ရင်ဘတ်ထဲက
အနက်ရောင် အလင်းစတွေ
ငါ့ရဲ့ ကျဆုံးခြင်းနဲ့ ထပ်တူကျတယ်။
တစ်ခါတစ်ခါ ကျတော့လည်း
ခေါင်းခါလက်ခါနဲ့ ငြင်းခဲ့ဖူးတဲ့
သူတောင်းစားတွေကို လွမ်းတယ် . . .
BS
12th Sept 2010
သူ့ရင်ဘတ်ထဲက
ReplyDeleteအနက်ရောင် အလင်းစတွေ
ငါ့ရဲ့ ကျဆုံးခြင်းနဲ့
ထပ်တူကျတယ်။ ..... ကဗျာလေးကောင်း၏....