ဘုရားပေးတဲ့ ဆုရ၏။
သို့ပေမယ့် နှစ်သိမ့်ဆုကြီး ဖြစ်နေလေရဲ့ . . .
ပြသနာက ဒီမှာတင် စပါတယ်။
တစ်ဝက် ပျော်ပြီး
တစ်ဝက်ကတော့ ကွက်လပ် . . . ။
ချ လွင် ချ လွင် ခွက် . . .
ပုဂံ ကခြေသည်တွေ နေတဲ့အရပ်။
ပတ္တလားသံငွေ့ငွေ့မှာမှ အိပ်မွေ့ကျ . . .
ဘီလူးနက္ခတ်မှာ ကရတဲ့ဇာတ်မို့
သွေးထွက်သံယိုများသလေ့။
သူလည်းမကောင်း။
ကျုပ်လည်းမကောင်း။
တစ်ယောက်နဲ့တစ်ယောက် လွှဲချ
ဆုမရတာပဲ ကောင်းသလား . . .
သေသေချာချာတွေးမှ ယုတ္တိမြုံနေတဲ့ရပ်ကွက်ဖြစ်မှန်းသိရဲ့။
BS
20 April 2011
Yangon
သူလည်းမကောင်း..ကျုပ်လည်းမကောင်းးးး
ReplyDeleteဇာတ်ပေါင်းတော့မကောင်းသံသရာလည်ပေါ့ဗျာ...။
သူလည်းမကောင်း..ကျုပ်လည်းမကောင်းးးး
ReplyDeleteဇာတ်ပေါင်းတော့မကောင်းသံသရာလည်ပေါ့ဗျာ...။
အားပေးသွားပါကြောင်း...............
ReplyDeleteအားပေးသွားပါတယ်နော် ....
ReplyDelete