Saturday, August 27, 2011

အအိပ်မဲ့

ပြန်ရမယ့် လမ်းက
နေကြမ်းကြီးနဲ့ မျက်နှာချင်းဆိုင်
ဘယ်နတ်ကို တိုင်တည်ရဦးမလဲ . . .

ရှိုက်ငိုနေတဲ့ စိတ်ကူးကျဉ်းလေး
မျက်တွင်းဟောက်ပက်နဲ့ ဖဲချပ်လို
ဖွင့်ပစ်လို့လည်းမရ၊ ဖုံးထားလို့လည်းမရဲ . . .

ကဲ . . .
ဒီထက်ပိုစောင့်ရမယ်ဆိုရင်လည်းပြော . . . အခုတော့
ငါ့ဆဲလ်တွေက စွမ်းအင်ပြောင်းပြီး
လူလည်း နျူကလီယား လက်နက်လောင်းကြီးဖြစ်ပေါ့။            ။


BS

1 comment:

  1. ငါ့ဆဲလ်တွေက စွမ်းအင်ပြောင်းပြီး
    လူလည်း နျူကလီယား လက်နက်လောင်းကြီးဖြစ်ပေါ့။ ။

    ReplyDelete