တိမ်စတွေနဲ့ လွင့်ပါသွားတဲ့
ကြယ်မှုန်တစ်ပွင့်လို
ကစဥ့်ကလျားနိုင်တဲ့ စိတ်ကူးတွေ . . .
မခံချင်စိတ်ဆိုတာကလည်း
ဆပ်ပြာပူဖောင်းတွေလိုပဲ
တစ်ကိုယ်စာ ကျယ်လောင်မှုနဲ့ပဲ
အသက်တစ်ရှိုက်စာ ပေါက်ကွဲမှုတွေ ၀ုန်းဒိုင်းကြဲလို့။
အလင်းကိုရှာနေတုန်းမှာ
လောင်ကျွမ်းခံရသူလေ . . .
ဒီလိုနဲ့ပဲ အပူကို ပူမှန်းမသိခင်မှာ
ဘ၀ကြီးက ပြာကျခဲ့ပြန်ရော။
လူတိုင်းမှာတော့
ရိုက်ခွဲဖျက်ဆီးပစ်ချင်တဲ့ ရာဇ၀င်အိုးတွေ ရှိကြမှာပါ။
ငါအစိတ်စိတ်ခွဲပစ်ချင်တဲ့
ငါ့ရဲ့ရာဇ၀င်အိုးတွေကတော့ ဘောင်ဘင်ခတ်နေကြတုန်းပဲ။
အိတ်ပေါက်နဲ့ အကောက်ခံရတဲ့ဖားလို
တခါတလေမှာ ကံကောင်းမှုတွေက ကြောင်တောင်တောင်နိုင်တယ်။
“ငါမရှိဘူးဆိုတာ ငါသိတယ်” လို့ ပြောရသလိုပဲ . . .
နေရထိုင်ရတာ ကန့်လန့်ကြီး။ ။
(bs)
အရမ်း ‘နင်’ ဆန်တာပဲ
ReplyDeleteငါကြိုက်တော့ကြိုက်တယ်
ဆပ်ပြာပူဖောင်းပေါက်တဲ့ အသုံးအနုံးကကြားဖူးနေသလိုပဲ
:)
ReplyDeleteဪ သတိရပြီ
ReplyDeleteမင်းခိုက်စိုးစန်ရေးဖူးတယ်ထင်တယ်ဟ
ဟုတ်လား?
အေးဟုတ်မယ်ဟ
ReplyDeleteငါသေသေချာချာတော့မမှတ်မိဘူး
မနော်ဟရီရဲ့ ၀တ္ထုတစ်ပုဒ်တော့ရှိတယ် . . .
ဆပ်ပြာပူဖောင်းလေးရဲ့ ပေါက်ကွဲသံ ဆိုပြီးတော့ . .
အေးအဲဒါလဲဖြစ်နိုင်တာပဲ
ReplyDeleteငါကသူတို့နှစ်ယောက်စလုံးဖတ်တာကိုး
အိတ်ပေါက်နဲ့ အကောက်ခံရတဲ့ဖားလို
ReplyDeleteတခါတလေမှာ ကံကောင်းမှုတွေက ကြောင်တောင်တောင်နိုင်တယ်။that's my favourite line. You can express your feelings very beautifully. You are great ,sis
ငါ ကြောင် တောင် တောင် နိုင် တာ က တော့ ..
ReplyDeleteငါ မ ရှိ ဘူး ဆိုတာ ငါ သိ တယ် ... ဆို တာ ပါ ပဲ ..
ခေါင်း တွေ ကို မူး အောင် .. ကြောင် တောင် တောင် နိုင် ရက် ပါ တယ် ......
ခေါင်း စဉ် ကို တွေ့ က တည်း က မ ဖတ် ခဲ့ သင့် ဘူး ..
ခု တော့ .. ဟင့်
ငါ ကြောင် တောင် တောင် နိုင် တာ က တော့ ..
ReplyDeleteငါ မ ရှိ ဘူး ဆိုတာ ငါ သိ တယ် ... ဆို တာ ပါ ပဲ ..
ခေါင်း တွေ ကို မူး အောင် .. ကြောင် တောင် တောင် နိုင် ရက် ပါ တယ် ......
ခေါင်း စဉ် ကို တွေ့ က တည်း က မ ဖတ် ခဲ့ သင့် ဘူး ..
ခု တော့ .. ဟင့်
ဟီး တကယ် စိတ်မကောင်းပါဘူးဟယ်။
ReplyDeleteရှူဆေးယူဦးမလား သယ်ရင်း :D :D