G-talk မှာသူငယ်ချင်းတစ်ယောက်နဲ့ပေါင်းပြီးရေးထားတာပါ
သူလဲကိုယ့်လို ကဗျာရူး စာရူးပါပဲ
အတူတူရူးကြတာပါ
အစတုံးကရေးဖို့မရည်ရွယ်ထားပါဘူး။
စရင်းနောက်ရင်းနဲ့ လက်တန်းရေးလိုက်ကြတာ။
ပျော်ဖို့ကောင်းပါတယ်………..
နင် နဲ့ ငါ၊ တို့ နှစ်ယောက် ပေါင်းပြီးတော့ ‘‘ ဒါ ’’
(ဒါ) ဟိုးအဝေးကလာနေတာ
သူမ၀တ်ထားတာက (ဘလာ)
ကျိန်စာရွတ်နေပုံက (ပုံမလာ)
(ဒါ) ရောက်လာခဲ့တဲ့ မြို့က (နာ)
တွေ့နေရတဲ့ လူတွေက (အာ)
ငါ့ရဲ့ကမ္ဘာကြီးက အခုတော့ (ပလာ ပလာ ပလာ)
စေတနာကို လူစားထိုးလို့ . . .
အမှားတွေ တိမ်းစောင်းခဲ့ (အခါခါ)
အယူတွေ မိန်းမူးလို့ . . .
တရှူရှူထွက်ရတဲ့ ဒေါသ (မသာမယာ)
ပိန်တလှည့် လိန်တလှည့် ကံကြမ္မာမှာ
နင်မသာ ငါမကျော်လို့ သေစမ်းဟဲ့ (မကြာမကြာ)
(ဒါ) အိမ်ကထွက်လာတော့ အမေက (မှာ)
ပြန်သာလာခဲ့တယ်ဘာမှ (ပါမလာ)
ငါ့ရဲ့ ကြမ္မာကအခုတလောသိပ်တော့ (မမာ)
(ဒါ) နင် ကနင်ဖြစ်ပြီးတော့ ငါ ကငါ ဖြစ်နေတဲ့ (ကမ္ဘာမှာ)
ထမ်းထားတဲ့ဝန်တွေကြောင့် ပခုံးတွေက (နာတာ)
သီချင်း တစ်ပုဒ်လောက်တော့ ဆိုပါရစေ
လှမ်းလိုက်စမ်း ငါ့ရဲ့ (ဘာဂျာ)
(ဒါ) နင်မရှိတော့တဲ့ဘ၀ က (ဟာတာ)
သချိုင်းမှာချလိုက်တော့ ငါ့ (အတ္တခန္ဓာ)
အဆုံးသတ်လိုက်တော့ ဘ၀က (မာယာ)
လာလာပိုခဲ့ဖူးတဲ့ (မသာ)
မကြာပါ ငါ့ကိုခေါ်ပါလိမ့်မယ် (ဒကာ)
သေမှာကို ကုသိုလ်နဲ့ဖုံး (နာနာ)
ကံမကုန်ခင် ပြန်ဆုံရပါစေရဲ့ ချစ်တဲ့ (ငါ)
အောင်မျိုး & BS
10 ဇန်န၀ါရီ 2009
:D
ReplyDeleteလွမ်း နေ တယ် ဘုတ် ဆုံ ကြီး ရေ.........
OK နေ တယ် မ ဟုတ် လား ?
ပျော် ၇ွှင် ပါ စေ ချစ် တဲ့ သူ ငယ် ချင်း
မ သိ ရင် .. hip-hop သီ ချင်း လို ပဲ နော် ..
ReplyDeletei know dat ur voice is cool !! so jx try ;) hee hee :D
ReplyDelete