Saturday, July 25, 2009

ချစ်သူ (dual version)

ချစ်သူ

ပေါ့ပေါ့လေးပါပဲ
မင်းနဲ့တွေ့ခဲ့တယ်
ကော်ဖီဆိုင်အကွေ့
မနက်ခင်းလေး
လှပ

နော့နော့လေးပါပဲ
ဖြတ်တိုက်သွားခဲ့တယ်
လေပြေအေးအေး
ငြိမ့်ငြိမ့်လေး
ငါ့ကိုနှော
ဆော့

သိမ့်သိမ့်လေးပါပဲ
ဘ၀င်မှာ လွင့်သွားတယ်
နင့်ရဲ့အပြုံး
ပြိုကျ
ငါ့ရဲ့အသည်း…
ပဲ့ကျ…

မိန့်မိန့်လေးပါပဲ
ငါပြန်ပြုံးပြခဲ့တယ်
နင်နဲ့ငါ့ မနက်ခင်းလေး
လ်လ်

နင့္အနားကို
ဝေ့၀ဲပြီးတောင်
မလှမ်းခဲ့ဘူးချစ်သူ
နေတစ်ပြောက်စာတောင်
မငြိုငြင်စေချင်ဘူး . . .

အဝေးကနေပြုံးပြုံးပြခဲ့တယ် . . .
နေ၀င်တော့မယ်ချစ်သူ . . . . .
ချိနဲ့နေတဲ့ ငါ့ရဲ့စိတ်နဲ့
အသံကုန်အော်ခေါ်နေခဲ့တယ်
မိုးတွေက မည်းလို့။

ငါ့ရဲ့တစ်သက်စာ
ညနေအတွက်သည်းခဲ့မိုးက
နင်ဖြစ်တယ်ချစ်သူ . . .
စိတ်ကို
ဘာသာပြန်တတ်ခဲ့ရင်ပေါ့လေ။

BS and A Chen
Online
7:56 pm
16th June 2009
Ygn and Bkk

3 comments:

  1. smooth as sillk
    so romantic and cute
    what a lovely poem
    both of you are genius ,sis.
    I love it so much
    :)

    ReplyDelete
  2. smooth as silk
    so cute and romantic
    what a lovely poem,sis
    I love it so much
    both of you are genius
    :)

    ReplyDelete
  3. thanks a lot bro :D
    i'll tell him :D
    i'm jx glad dat u luv it ;)

    ReplyDelete