ရေဗူးနဲ့ဖိနပ်မပါရင် နွေခါမှသိတဲ့
ခုတော့ ငါ့ဘဝက
နင်မရှိမှ ဖြစ်တဲ့နွေပါ
ပူလိုက်တဲ့နေဆိုတာလဲ
အလျှံငြီးငြီးတောက်လို့
ငါ့ဘဝရဲ့ avian လေးရေ
နင်ဘယ်မှာလဲ?
အရင်တုံးက ငါလမ်းထွက်ရင်
အရိပ်ပေးတဲ
့ထီးကလေးက နင်ဖြစ်တယ်
နွေပူပူထဲမှာ ငါမောပြီဆိုရင်
အမောပြေရေတပေါက်ကလဲ
နင်ပါပဲ
အမြဲကြည်လင်နေတဲ့
နင့်ရဲ့အပြုံးက
ငါ့ရဲ့ အိုအေစစ်လေ
ခုများတော့ နင်မရှိတဲ့
ငါ့ဘဝ
ဘဝဆိုတာတောင် ဆာဟာရဖြစ်လို့
ငါဆိုတာ မလမ်းဆန်းနိုင်တော့ဘူး
ချစ်သူ.....
မချစ်တတ်တဲ့
လေပြည်တွေတောင်
ချာချာလည်ရူးသွပ်လို့ . . .
ကိုယ့်ရဲ့ချစ်ခြင်းတွေလည်း
ရွက်နုတွေလို
အသစ်ဝေနိုင်ခဲ့ရင်ကောင်းမှာ . . .
ကျိန်စာမိခဲ့တဲ့
ဥသြတစ်ကောင်လို
ကိုယ့်ဘ၀က ကဗျာတစ်ပုဒ်ထဲ . . .
ကန္တာရကို
ချိုချဉ်လို မြိုခဲ့သူလေ
ပူလောင်ဖို့ လိုသေးလို့လား . . .
နင်နဲ့ငါရဲ့
ဝေမှုန်မှုန် ပုံရိပ်တွေ
ဖုန်တွေနဲ့ ဒွေးရောယှက်တင် လွင့်လို့ . . .
ချစ်တယ် နွေရယ်။
လေပြည်တွေတောင်
ချာချာလည်ရူးသွပ်လို့ . . .
ကိုယ့်ရဲ့ချစ်ခြင်းတွေလည်း
ရွက်နုတွေလို
အသစ်ဝေနိုင်ခဲ့ရင်ကောင်းမှာ . . .
ကျိန်စာမိခဲ့တဲ့
ဥသြတစ်ကောင်လို
ကိုယ့်ဘ၀က ကဗျာတစ်ပုဒ်ထဲ . . .
ကန္တာရကို
ချိုချဉ်လို မြိုခဲ့သူလေ
ပူလောင်ဖို့ လိုသေးလို့လား . . .
နင်နဲ့ငါရဲ့
ဝေမှုန်မှုန် ပုံရိပ်တွေ
ဖုန်တွေနဲ့ ဒွေးရောယှက်တင် လွင့်လို့ . . .
ချစ်တယ် နွေရယ်။
A Chen & BS
No comments:
Post a Comment