Friday, October 30, 2009

မီးလောင်တွေးများ

မီးလောင်တွေးများ


အတွေးတွေကို လေဟာပြင်ထင်ပြီး

နင့်အကြောင်းတွေနဲ့ စားပိုးနင့်နေတာ မသိခဲ့ဘူး။
ကြွက်တက်နေတဲ့
နေ့သစ်တွေနောက်ကို
ဖတ်သီလိုက်ရင်း
မီးစိမ်းနဲ့ မီးနီဆန်ဆန် လွဲနေခဲ့ကြ။


ငြိမ်တော့မယ်ကြံတုန်း
ပင်လယ်သတ္တ၀ါတွေ ငါ့မျက်လုံးထဲ ရေ၀င်ကူးတယ် . . .
လွမ်းကြောင်း၊ ဆွေးကြောင်းတွေလေ
စကားဟမယ်ကြံတုန်း
ငါ့သွားတွေ ရေဘ၀ဲလက်တွေဖြစ်ခဲ့ . . .
ဝေခွဲမှုမှာ စုန်ချည် ဆန်ချည်။


ပန်းပွင့်တွေ အသုဘချတဲ့နေရာရောက်မှ
ပိုပြီးသတိရတတ်တဲ့ ငါ့စာတွေကို ငါမုန်းတယ် . . .
ချစ်သူရေ
လမင်းဆီသွားနေတဲ့ မီးတောက်တွေနောက်ကို
ငါစုန်းရောင်တောက်ပြီးလိုက်ခဲ့ပြီ . . .
မီးစာမကုန်ခင်တော့ ငါ့အလင်းကို နင်မြင်မှာပါ . . . . . ။                         ။


BS

4 comments:

  1. ငိုတောင်ချင်လာပြီ............

    ReplyDelete
  2. ဟဲ့ ဂယ်လား ?

    ReplyDelete
  3. kyay kwell sa yar tway myar nay tal htin tal naw , sis.
    poem phat ya tae lu si taung dat kuu lar tal,
    :D

    ReplyDelete
  4. အေးဟယ် . . . ”ဒါဟာ ဘ၀ပါ”

    ReplyDelete