Wednesday, October 7, 2009

ကြိုးရှုပ်တဲ့လှိုင်း

တိမ်းမည်းတစ်အုပ်

ငါ့နောက်ကို ပြိုဆင်းဖို့ ပြေးလာနေကြတုန်း . . .

ငါ့ကဗျာတွေထဲက မျဉ်းဖြောင့်လိုလမ်းတွေ

အဝေးကြီးကို ထွက်ပြေးကုန်ကြတယ်။

 

ဘယ်ဘက်နားထဲမှာ

ပုရစ်ငိုသံတွေ ချာချာလည်နေတုန်း . . .

ညာဘက်နားက

ဖားတွေရဲ့ သံစဉ်နဲ့ အလုပ်များနေလေရဲ့။

 

ဝါကျင်ကျင်မီးတောက်တစ်စုံနဲ့

ငါ့အလွမ်းတွေကို

နင့်ကို လက်ဆောင်ထည့်ပေးနေခဲ့တာ . . .

အခု ဘယ်နှစ်ဘ၀တောင်ကြာသွားခဲ့ပြီလဲ။

 

ဒီလိုနဲ့ပဲ

နှောင်တွယ်ခြင်းရဲ့ လှိုင်းလုံးတွေနဲ့

ဝါယာကြိုးတွေလို ရှုပ်ထွေးရင်း

ငါ့ဘ၀က လမ်းဘေးမီးတိုင်ဆန်နေခဲ့ပြန်တယ် . . . . . ။                     ။

 

BS

3rd Oct 2009

 

 

 

 

2 comments: