လက်ပန်းကျခြင်း
အလိုက်မသိတဲ့
နီမှိန်မှိန် ညနေစောင်းလေး . . .
ဆေးစက်ထင်ပေမယ့်
သဘာဝရဲ့
အပေါစား မျက်နှာချေ ဆန်နေတုန်းပဲ . . .
အနောက်အရပ်က
သစ်သားရုက္ခစိုးရဲ့
အသည်းကွဲ ပြယုဂ်ဖြစ်တယ် . . .
ငါကလည်း မကျွမ်းကျင်တဲ့ မီးခိုးတန်းပေါ်မှာမှ
ယဇ်ပူဇော်တမ်း ကစားမိသူကိုး . . .
တံဆိပ်ခေါင်းမှာ
နက္ခတ်ကောင်းခဲ့ပေမယ့်
လိပ်စာမှာ လွဲပြန်တော့လည်း
ငါတို့ မနက်ဖြန်တွေက ဖြစ်တည်ခြင်းနဲ့ မျောချင်ရာမျော
ကံကြမ္မာရေ . . . သဘောပဲ!
BS
8:10 am
12 January 2010
Ygn
အလိုက်မသိတဲ့
နီမှိန်မှိန် ညနေစောင်းလေး . . .
ဆေးစက်ထင်ပေမယ့်
သဘာဝရဲ့
အပေါစား မျက်နှာချေ ဆန်နေတုန်းပဲ . . .
အနောက်အရပ်က
သစ်သားရုက္ခစိုးရဲ့
အသည်းကွဲ ပြယုဂ်ဖြစ်တယ် . . .
ငါကလည်း မကျွမ်းကျင်တဲ့ မီးခိုးတန်းပေါ်မှာမှ
ယဇ်ပူဇော်တမ်း ကစားမိသူကိုး . . .
တံဆိပ်ခေါင်းမှာ
နက္ခတ်ကောင်းခဲ့ပေမယ့်
လိပ်စာမှာ လွဲပြန်တော့လည်း
ငါတို့ မနက်ဖြန်တွေက ဖြစ်တည်ခြင်းနဲ့ မျောချင်ရာမျော
ကံကြမ္မာရေ . . . သဘောပဲ!
BS
8:10 am
12 January 2010
Ygn
No comments:
Post a Comment