တကယ့်တကယ်တော့
ဘယ်အရာကိုမှ
လိုချင်လှချည်ရဲ့လည်း
မဟုတ်ပြန်ဘူး ချစ်သူ။
ဒါမှမရရင်
တခြားဟာ ဘာဖြစ်ဖြစ်
ဆိုတဲ့ စိတ်မျိုးတော့
(ချစ်သူ တစ်ယောက်ကလွဲရင်)
တကယ် ဘာဖြစ်ဖြစ်။
ငုတ်တုတ်လည်း
အိပ်ပျော်သလို၊
အမှိုက်ပုံဘေးလည်း
စားတတ်သောက်တတ်ပါတယ်။
မေတ္တာဆိုပေမယ့်လည်း
လော်စပီကာကြီးနဲ့
လက်တစ်ကမ်းက ပေးနေတာမျိုးကို
တကယ် မလိုချင်ဘူး ချစ်သူရယ် . . .
ကဲ . . . တို့နှစ်ယောက်သား
မနှစ်တုန်းကလိုပဲ
တတိယအမြင်ကို
အားကိုးလိုက်ကြရအောင် . . . ။ ။
BS
ဟိုက်ရှားဘား.........ဂွတ်၏.......
ReplyDeleteကဲ . . . တို့နှစ်ယောက်သား
ReplyDeleteမနှစ်တုန်းကလိုပဲ
တတိယအမြင်ကို
အားကိုးလိုက်ကြရအောင် . . . ။ (မိုက်တယ်နော် ...)