နှိုးစက်သံဖြင့် အထိနာခဲ့ရသော ကမ္ဘာကြီး အိပ်ရေးမဝသေးချိန်တွင် အရုဏ်လင်းပါသည်။ မနက်ခင်း၏ အလင်းရောင်ကို အနီရောင်ဟု ကိုယ်မြင်ပါသည်။ သို့သော် လိမ္မော်ရောင်ဖြစ်သည်ဟု ချစ်သူက ဆိုပါသည်။ ထိုအချိန်မှစ၍ ချစ်သူနှင့်ကိုယ် ငြိမ်းချမ်းလွတ်လပ်စွာ သဘောထားကွဲကြသည်။ မည်သို့ပင်ဖြစ်စေ အမှန်တရားသည် ဆယ်ပြားစေ့နှင့်ဆင်ကြောင်း ကိုယ်တို့နှစ်ဦးသား တူညီစွာလက်ခံပါသည်။ “ချစ်လျှင် အပြစ်မမြင်သင့်”ဟု ရပ်ကြည့်နေကြသူများက ပြောပါသည်။ ကိုယ်ပြည့်ပြည့်ဝဝ ပြုံးမိပါသည်။ အပြစ်မမြင်ခြင်း မဟုတ်ပဲ မြင်စရာ အပြစ်မရှိခြင်းသာ ဖြစ်ကြောင်း ကိုယ်ကောင်းကောင်းရှင်းပြလိုက်ပါသည်။ သူတို့လည်း ပြုံးကြပါသည်။ ကိုယ်တို့တတွေ ကွဲလွဲစွာဖြင့် ပျော်ရွှင်ခဲ့ဖူးကြလေသည်။ ထိုသို့ဖြင့် ကိုယ်တစ်ယောက်တည်း ကမ္ဘာလိုလို ရွာလိုလို တဝဲလည်လည် ဖြစ်နေပါလိမ့်ဦးမည်။
BS
22nd Dec 2010
11:30 pm
ချစ်သူဆိုတာ ဒီလိုကို....
ReplyDeleteအော် အဲသလိုလား
ReplyDeleteဟုတ်ကဲ့ အားပေးသွားပါ၏.....
ReplyDeleteအော် .. အချစ်က အဲဂလိုတဲ့လား ....
ReplyDelete