Saturday, March 7, 2009

--------

ရနံ့ချိုတဲ့

ဘယ်လိုပန်းတစ်ပွင့်ကိုမှ

ငါ့ရဲ့ အနက်ရောင် ခေါင်းတလားပေါ်

ပေါက်ကြဲမချနဲ့။

 

ငါ့အလောင်း

ငါ့အရိုးတွေပစ်မယ့်နေရာမှာ

ဘယ်သူငယ်ချင်းကမှ

နှုတ်ဆက်စကား လာမပြောကြားစေနဲ့။

 

ငါ့ရဲ့ . . . ချစ်မြတ်စင်ကြယ်သူလေးဟာ

ငါ့အုတ်ဂူကို ရှာမတွေ့စေနဲ့။

သူ . . . မငိုကြွေးစေနဲ့။

 

သက်ပြင်းတို့ အုံ့ဖြာဝေညွတ်ခြင်း . . .

. . . ကင်းတဲ့နေရာ . . .

အဲဒီနေရာမှာ ငါ့ကိုမြှုပ်နှံပေးပါ။

 

Translated by TarYarMinWai

Original; Shake Spears

No comments:

Post a Comment