မမြင်ခြင်းများ (unseen)
တစ်ခုသောလမ်းလေးမှာ ကြွေနေပေမယ့် . . .
တစ်ခုသောလမ်းလေးမှာ ဝေနေတာမျိုးဆိုရင် . . .
ငါ . . . ပျော်တတ်ရတော့မယ်။
တနေ့သောနေ့ကလေးမှာ လွမ်းနေပေမယ့်
တနေ့သောနေ့ ကလေးမှာ တမ်းနေတာသိရရင်လဲ
ငါပျော်မှာပါပဲ
ကိုယ့်ရှေ့က လေပြေတွေ ဖြတ်လျှောက်သွားတိုင်း
အလွမ်းငွေ့တွေ မှုန်မှိုင်းသွားတယ် . . .
မချစ်ဖူးပဲ လွမ်းတယ်။
တိုးတိတ်ညနေ “နေ” ၀င်ရောက်သွားတိုင်း
စိုးစိတ်တွေ ထုံထိုင်းသွားတယ် ........
ချစ်ဖူးလို့နွမ်းတယ်
ဘာရယ်မဟုတ်ပါဘူး . . .
ကံကြမ္မာကို ရေတွက်ကြည့်တော့ . . .
အလွဲတွေချည်းပဲ။
လာတယ် မရောက်ပါဘူး........
အိမ်နံတွေကိုယ်ဖတ်ကြည့်တော့.....
အမွဲချည်းပဲ။
မနေ့ညက အိပ်မက်မက်တယ် . . .
ကိုယ်သေသွားလို့တဲ့ . . .
ကိုယ့်ကိုယ်ကို အသုဘချရတာ မောလိုက်တယ်။
ဒီနေ့ညမှ လေတိုက်တယ်...
နင်သေသွားလို့တဲ့...
နင့်အသုဘကိုငါလိုက်ပို့ရတာ.....
စောလိုက်တာဟယ်။
ညရဲ့ အလင်းဒဏ်ကို မခံနိုင်ဘူး . . .
လောကကြီးက ပူတယ် . . .
ကိုယ်တို့ အတိတ်တွေက အနာဂတ်တွေလောက် မဆူညံခဲ့ဘူး . . .
ဒီလိုနဲ့ တစ်နေ့ ကူးခဲ့ပြန်ရော။
ဘ၀ ရဲ့အနင်းဒဏ်ကို မခံနိုင်ဘူး...
ကျောပြင်ကြီးက ဆိုတယ်...
ငါ့တို့ရဲ့နေ့ကတွေ ညတွေလောက်မသာယာခဲ့ဘူး......
ဒီလိုနဲ့ တမိုးသောက်ခဲ့ပြန်ရော
ဒီဘ၀အတွက်တော့ သိမ်ငယ်ရတာ ပျင်းပြီ . . .
မုဒိတာ ပါရမီ တစ်မျိုးကိုပဲ တစ်သက်စာ ကျင့်ပါရစေ . . .
ဘယ်လောက်ခက်ခက်ပေါ့ဟာ။
ဒီဘ၀ အတွက်တော့ ရင်နာရတာ ရင်းပြီး…….
ဥပေက္ခာ ခန္ဓီ တမျိုးကိုပဲ ရမက်မပါ ကျင့်ပါရစေ…..
ဘယ်လောက် နက်နက်ပေါ့ကွာ
A Chen and BS (Legendary)
ဘုတ်ဆုံမှ စတင်၍
တယောက်တပိုဒ်ရေးသည်
5:07 pm
23rd march 2009
Online
Office (bkk) and Office (ygn)
aww ic
ReplyDeletethat's why u r so busy:(
သူ များ သား သ မီး တွေ များ .. ရေးတတ် လိုက် ကြ တာ .. ချော နေ တာ ပဲ ..
ReplyDelete:(
ဟီးဟီး :D
ReplyDelete