မမြင်ခြင်းများ
တစ်ခုသောလမ်းလေးမှာ ကြွေနေပေမယ့် . . .
တစ်ခုသောလမ်းလေးမှာ ဝေနေတာမျိုးဆိုရင် . . .
ငါ . . . ပျော်တတ်ရတော့မယ်။
ကိုယ့်ရှေ့က လေပြေတွေ ဖြတ်လျှောက်သွားတိုင်း
အလွမ်းငွေ့တွေ မှုန်မှိုင်းသွားတယ် . . .
မချစ်ဖူးပဲ လွမ်းတယ်။
ဘာရယ်မဟုတ်ပါဘူး . . .
ကံကြမ္မာကို ရေတွက်ကြည့်တော့ . . .
အလွဲတွေချည်းပဲ။
မနေ့ညက အိပ်မက်မက်တယ် . . .
ကိုယ်သေသွားလို့တဲ့ . . .
ကိုယ့်ကိုယ်ကို အသုဘချရတာ မောလိုက်တယ်။
ညရဲ့ အလင်းဒဏ်ကို မခံနိုင်ဘူး . . .
လောကကြီးက ပူတယ် . . .
ကိုယ်တို့ အတိတ်တွေက အနာဂတ်တွေလောက် မဆူညံခဲ့ဘူး . . .
ဒီလိုနဲ့ တစ်နေ့ ကူးခဲ့ပြန်ရော။
ဒီဘ၀အတွက်တော့ သိမ်ငယ်ရတာ ပျင်းပြီ . . .
မုဒိတာ ပါရမီ တစ်မျိုးကိုပဲ တစ်သက်စာ ကျင့်ပါရစေ . . .
ဘယ်လောက်ခက်ခက်ပေါ့ဟာ။
(BS)
No comments:
Post a Comment