Friday, August 14, 2009

သောကြာကြယ်ရဲ့ သောကြာညနေ

ကျောက်ဆောင်တွေလို

အမြစ်တွယ်ချင်နေတဲ့ တိမ်လိပ်တိမ်အုပ်တွေ . . .

ကောင်းကင်ပြာကြီးတောင်မှ

အရောင်တွေလွင့်ဖွေးလို့။

 

အတွေးတွေမှာပဲ

ငြိမ်သက်အော်ဟစ်နေကြတဲ့ စိတ္တဇစကားတွေ . . .

အညိုရောင်အတိတ်ပုံရိပ်တွေတောင်

အရောင်တွေလွင့်ဖွေးလို့။

 

သိဟ်ရာသီရဲ့

လေချွန်သံတွေကြားမှာ

တိမ်စတွေ ဖရိုဖရဲ . . . . .

 

သောကြာထောင့်က

လေးညို့သံတွေကြားမှာ

အလွမ်းစတွေ ဖရိုဖရဲ . . . . .

 

သောကြာနေ့မဟုတ်လည်း . . . သောကြာကြယ်ကို

လွမ်းနေတာပါပဲ . . . ။             ။

(BS)

10 comments:

  1. ကဗျာတွေမှာ သောကြာ ဆိုတာကို တော်တော်လေး သုံးလာကြတာတွေ့နေရတယ်ဗျ ဘာလို့လဲ ဆိုတာ သိရင်ရှင်းပြနိုင်မလားမသိဘူး .. သင်္ကေတ တစ်ခုအနေနဲ့သုံးတာမျိုးလား .. သုံးနေကြတာလား .. သောကြာမှာ ပုံသေနိမိတ်ပုံများရှိနေမလား ..... သူငယ်ချင်းသိလျှင် ရှင်းပြပေးစေချင်ပါတယ်

    သောကြာဟာ ဖန်စီလား ..သောကြာဟာ ပဋိစ္စသမုပ္ပါဒ်လည်သလိုမျိုးလား .. သောကြာဟာ မနေ့က သောကြာလား သောကြာဟာ အကြားလပ်နေတဲ့ကြမ်းခင်းလိုမျိုးလား .. ဘယ်လိုသောကြာလဲ ..
    သောကြာကိုဘယ်အနားတွေက ခံဆောင်ထားလဲ ဒါမှမဟုတ်လှယဉ်ကျေးမယ်တစ်ယောက်လို လှလှပပ သောကြာလား .. သောကြာဟာ မလှမပ အကယ်ဒမီအံ့ကျော်လား ....
    ဘာလဲ သောကြာ ..
    ဘယ်လဲသောကြာ ..
    တဆိတ် သောကြာမှာ ကိုသစ်ကို မူးသွားလို့ပါ
    (ကျနော်တကယ်မသိလို့မေးခြင်းဖြစ်သည် တဆိတ်စကားရှည်သွားလျှင် သည်းခံစေချင်ပါသည်)

    ReplyDelete
  2. :D :D :D
    အင်း ဟုတ်တယ်။ သောကြာကို ယူသုံးထားတာက တာရာမင်းဝေရဲ့ သောကြာကို ယူသုံးထားတာပါ။ သူ့ရဲ့ စာအုပ်တစ်အုပ်မှာပါဖူးပါတယ်။ သောကြာထောင့်မှာ ဗီးနပ်စ်ကြယ်ရှိပါတယ်။ အဲဒီအဓိပ္ပာယ်နဲ့ ယူသုံးထားတာပါ။ :D

    ReplyDelete
  3. ကျနော့်မေးခွန်းကို တလေးတစားဖြေပေးတာကျေးဇူးတင်ပါတယ်
    ဝေါဟာရဆိုတာကတော့ကိုယ်ပိုင်မရှိပါဘူး တာရာမင်းဝေသုံးမှ သောကြာမဟုတ်ပါဘူး သူငယ်ချင်းသုံးလဲ သောကြာက အသစ်ဖြစ်သွားတာပါပဲ ဒီကဗျာလေးကိုလဲကျနော် သဘောကျပါတယ်
    ကျနော် စာဖတ်သားနည်းနေသေးလို့ မသိသေးတာကိုရှင်းပြတာကျေးဇူးပါ။
    ခုတလော ဖတ်လိုက်ရတိုင်း ဒီသောကြာကိုတွေ့တွေ့နေရတော့ သောကြာဆိုတာ ဘယ်လို နိမိတ်ပုံကို ယူတာလဲ ဆိုတာ သိကိုမသိဘူးဖြစ်နေတယ်
    သောကြာထောင့်က ဗီးနပ်စ်ကြယ်ကိုသုံးမှန်းခုမှသိတော့တယ် ။ ကျေးဇူးပါ - ကိုသစ်ကို

    ReplyDelete
  4. ကိုသစ်ကို ကို ကဗျာတွေလာဖတ်တဲ့အတွက်ရော၊ မှတ်ချက်လေးတွေ ထားပေးခဲ့တဲ့ အတွက်ရော ကျေးဇူး ;)

    ReplyDelete
  5. aye kan da tot thaut kyar thar ta yaut yaut ko...... he hi
    :P
    just kidding,sis.
    poem lay ka a yan hla tal. a yin pon san tway nae lae ma tu woo.
    sis day by day po pyee toe tat lar tha lo bae naw.

    ReplyDelete
  6. hee heee :D :D gal lar ???? :D

    ReplyDelete
  7. good one!
    ငါက Florida မှာ ဓူဝံကြယ်ပျောက်နေတဲ့ အကြောင်းေ၇းမယ်ကြံတုန်း
    နင်က သောကြာကြယ်နဲ့  လက်စွမ်းပြသွားတယ် :P

    ReplyDelete
  8. haa haa :D Come on !!! ရေးစမ်းပါဟယ် . . . နင်ရေးတဲ့ပုံစံက မိုက်တယ်ဟ ! ချစမ်းပါ။

    ReplyDelete
  9. နင့်၇ဲ့  ကဗျာလေးတွေက ကဗျာဆန်တယ်....
    နူးညံ့တယ်...
    ချိုမြိန်တယ်...
    လွမ်းမောလွင့်မျောစ၇ာကောင်းတယ်.....
    ငါ့၇ဲ့  ကဗျာတွေက ဘ၀ဆန်တယ်...
    မာကျောတယ်...
    ခါးသီးတယ်...
    စိတ်ဓာတ်ကျစ၇ာကောင်းတယ်....

    ReplyDelete
  10. နင့်ရဲ့ကဗျာတွေက
    အတွေးနက်တယ် . .
    ကိုယ်ပိုင်ဝါဒီစစ်တယ်
    လက်တွေ့ကျတယ်
    ပြီးတော့
    စကားလုံးကျစ်လစ်တယ် :)

    ReplyDelete