အတိတ်တွေကို
ဖုန်ခါကြည့်တော့
ဝေဒနာက အိနြေ္ဒမရဘူး။
ကိုယ့်စိတ်ကို အမှောင်ချခဲ့တယ် . . .
အတွေးတွေက နင့်ဆီမှာပဲ
ရစ်သီနေတာကို သည်းမခံနိုင်လွန်းလို့။
ကိုယ်ဖွင့်ကြည့်ရမယ့်
မနက်ခင်းကလည်း
အိပ်မက်တွေနဲ့ ထိတ်လန့် တွန့်ကြေ . . . ။
စကားလုံးတွေရှသွားတဲ့
ရှင်းပြချက်တွေလို
အဓိပ္ပာယ်တွေက ဟိုတစ်စ ဒီတစ်စ . . .။
အနာဂတ်တွေ ကန်းနေမှတော့
ဖတ်ထားသမျှ စာတွေလည်း
အလကားပဲ။
ဒီအတိုင်းပဲ ထားလိုက်ပြန်ရင်လည်း
နှလုံးသားတစ်ခုလုံး
ပုတ်လိုက်လာတော့မယ် . . .။
ယုန်တစ်ကောင်လို
ရဲရင့်ပြဖို့တောင်
ငါ့သတ္တိတွေက ချီတုံချတုံ . . .။
မာနကို ဆောင်းလို့လည်း
ချစ်ခြင်းတွေက
လုံခြုံသွားမှာမှ မဟုတ်တာ . . .။
မြှားနတ်မောင်နဲ့ပဲ
နားလည်မှုစာချွန်လွှာ
ယူလိုက်ချင်ပါရဲ့ . . .။
(BS)
လာလည်းသွားပါတယ် ကဗျာလေးကိုဖက်သွားပါတယ်
ReplyDeleteကျေးဇူးတင်ပါတယ် :)
ReplyDeleteto a ma ka to lwan pyee yin lwan nay dar bae naw.
ReplyDeletepon san a myo myo nae ko lwan nay shar tar
source ta khu khu tot shi ko shi ya mal
Anyway, poem lay ka chit pho lg bar tal
:P
haa haa :D
ReplyDeleteYeah U r right ! ;) I'm can't help myself keeping writing of poems about missing someone :D
Too bad my lit' bro :D I jx can't help myself :D :D
Thxx for ur complement :P