Wednesday, January 13, 2010

တစ်ဖက်တည်းနေ့တွေ

တစ်ဖက်တည်းနေ့တွေ

အဝေးကြီးဆိုပြီး ပြေးခဲ့ကြ
နောက်လှည့်မကြည့်ကြေး စိန်ခေါ်
နင်မျှော်နေတာ ငါမှ ဟုတ်ရဲ့လား?

မှတ်မိသမျှ ပစ်ချခဲ့တဲ့ . . .
နှုတ်ဆက်ထုံးစံ ပြောင်းပြန်လုပ်ပစ်
ငါ နင့်ကို လွမ်းခွင့်လေးမှ ရှိပါလေစ?

အဓိပ္ပာယ် အကောက်မှားသလို
တောင်းဆုအခါးတွေ စေတီတ၀ိုက်ပျံ့ကျဲ
ယုတ္တိတွေကိုခွဲတဲ့ ဓားက နင် ဖြစ်နေရော့သလား?

အနုပညာ နဲ့ ဘ၀ကို ချိန်ခွင်ပေါ်တင်
ပစ္စုပ္ပန်မှာ မဆင်မခြင် တရားခွင်ဝင်မိတော့
မယဉ်ကျေးတဲ့လျှာက နင့်ဖက်ကို ဇောက်ထိုးတဲ့လား?

ရှေ့မလှမ်းရဲတဲ့ ဆောင်းအိုအိုမှာ
ကိုယ်တာဝန်မယူဝံ့တဲ့ ဆုံးဖြတ်ချက်နဲ့
တစ်ဖက်သတ်ပဲ ငါ . . . ငုတ်တုတ်အိပ်နေတော့မယ်။

BS
20:26
13 January 2010
Ygn

4 comments:

  1. အယ်
    ဒီကဗျာလေးက တစ်မျိုးတစ်ဘာသာ ကွဲထွက်နေပါရော့လား

    မဘုတ်ဆုံ စကားပြောသုံးတာ သိပ်တွေ့လေ့မရှိတော့ ဒါလေးဖတ်လိုက်ရတာ အသစ်ပေါ့ဗျား)

    ReplyDelete
  2. ဟုတ်ကဲ့ ကိုသစ်ကိုကြီးရေ
    အခုနောက်ပိုင်း စိတ်နောက်ကို လိုက်ရေးကြည့်နေတာ :D သိပ်တော့မကောင်းပေမယ့် ပျော်လို့ :P

    ReplyDelete
  3. ကျနော် မဘုတ်ဆုံအတွက် ကဗျာ တစ်ပုဒ် တင်ပေးဦးမယ်ဗျ
    ဟိုတလောက ဟိုဖက် သည်ဖက် ဆိုပီး မဘုတ်ဆုံရေးသွားတယ်လေ
    ကျနော့် သူငယ်ချင်း တစ်ယောက် Zဝိုင် ဆိုတာ ရေးဖေါ်ရေးဖက်ပဲဗျ
    သူလဲ ရေးဖူးတယ် ကျနော် မေ့နေလို့ .... တင်ပေးဦးမယ်
    အဲ့ကျရင် လာဖတ်ကြည့်ပါဦးနော်
့မမဘုတ် အစစ အဆင်ပြေပါစေ ... :D

    ReplyDelete
  4. ဟုတ်ကဲ့ကိုသစ်ကိုကြီး။ ဖတ်ချင်တယ်ရှင့်
    အဲဒီ River Sides ကဗျာလေးက ကဗျာရှည်ရေးဖို့ ရည်ရွယ်ထားတာ . . . အပျင်းအရမ်းကြီးနေသေးလို့ အဟီး။
    ကျေးဇူးတင်လျှက်
    ကိုသစ်ကိုကြီး ပျော်ပါစေ :P

    ReplyDelete