သူကြွယ်တွေတီးတဲ့ ဗုံသံ
ပါတီလို့ ခေါ်ကြတယ်။
ဖိတ်စာမပါလည်း ၀င်လို့ရပါတယ် . . . တဲ့
ခေါင်းကိုတော့ နည်းနည်းလေး ငုံ့ထားပေါ့ . . .
နင့်ရဲ့
မှိန်မှောင်မှောင်အပြုံးတစ်ဝက်ကပြောတယ်
ငါတို့နှစ်ယောက်ကလွဲရင် အားလုံး သူဌေးတွေ . . . လို့။
နင်ကြားနိုင်ဖို့ ငါ့အဖြေက
"I'm yours" သီချင်းသံနဲ့
ထွေရာလေးပါးလွင့်
“ငါတို့ နှစ်ယောက်က စိတ် ချမ်းသာတယ်လေ” . . . ။
မိုးပေါ်က ကြည့်သူတွေကြောင့်
အိပ်မက်တွေ မခြောက်ခြားခဲ့သလို
မြေပြင်က အကြည့်တွေကြောင့်လည်း
စိတ်ကူးတွေ မမျောခဲ့ဘူး . . .
ပြုံးတတ်တဲ့ သာမန်ရိုးကျ အကြည့်ရဲ့မေးခွန်းက
ငါ့ဆုံးဖြတ်ချက်တွေကို အမွမွအစိတ်စိတ်ချေခွဲ . . .
လူဆိုတဲ့ အတန်းအစားတွေ ကွဲကြတယ် . . . တဲ့။
ငါမောင်းတဲ့စက်ဘီး
နင်စီးတဲ့ကား
အသိုင်းအ၀ိုင်းတွေ ခြားထားတယ်။
နင်လိုချင်တဲ့
အတောင်ပံတွေရဖို့
ခုန်ချခဲ့တဲ့ ချောက်ကမ်းပါးမှာ
ငါ့ရဲ့ လက်ဆောင်လေး
အားငယ်နေရှာပေါ့။
ဒါနဲ့ပဲ
ကံတရားကို
သားချော့တေးဆိုပြရင်း
မနက်ဖြန်မှာ
နင်နဲ့ငါ
Second Hand အိတ် သွားဝယ်ကြမယ်လေ။ ။
BS
19:55
2 January 2010
Black Canyon, CM
sooo creative
ReplyDeleteI love this poem,sis
really really love it.
ကျွန်တော်လာကြည့်သွားပါတယ်ကြိုက်တယ်ဗျာ
ReplyDeleteအလွန်ကြိုက်သည်....
ReplyDeletei also really love this poem bro
ReplyDeleteda real feelin' & da real mood ;)
ကျေးဇူးတင်ပါတယ် . . .
ReplyDeleteကျေးဇူးဘော်ဒါကြီး
ReplyDelete