မနေ့မနက်
အိပ်ယာကအနိုးမှာ
နေမင်းနဲ့
မျက်စဉ်းခပ်ခဲ့မိတယ်။
သူတစ်ယောက်များ
ငါ့အကြောင်းတွေးနေမလား
လွဲနေတဲ့ ရာသီဥတုတွေ
တိမ်ဖုံးနေတုန်းမှာပေါ့။
နင်နဲ့ငါ
လျှောက်တဲ့လမ်းက
အဲလောက်ထိ
လူရှုပ်မနေခဲ့သင့်ဘူး။
နင်နဲ့ငါရဲ့
ကောင်းမှုအကြွေစေ့တွေ
အဲလောက်ထိ
ကြပ်တည်းမနေသင့်ခဲ့ဘူး။
နင်နဲ့ငါရဲ့
မပြောဖြစ်တဲ့ ဘာသာစကား
အဲလောက်ထိ
မြင်လွယ်ထင်လွယ် ဖြစ်မနေသင့်ခဲ့ဘူး။
တတိယအမြင်ကိုမှ
ကိုးကွယ်မိတော့လည်း
မှိန်မွဲမွဲနေ့တွေထဲမှာ
နေရဲရတော့မှာပေါ့။ ။
BS
21.12.2009
အ၇မ်းကောင်းတာပဲ..
ReplyDeleteအ၇မ်းကြိုက်တယ်...