ရွတ်လို့မရတဲ့ မန္တာန်နဲ့
မီးလောင်သွားတဲ့ ကုက္ကား
မျဉ်းပြိုင်နှစ်ကြောင်းရဲ့ကြားမှာ
ပစ္စုပ္ပန်တွေ ခြားထားတယ်။
သနပ်ခါးမျက်နှာနုနု
အဖြူအစိမ်း နဲ့ အံတုနေလေရဲ့။
အဲဒီ လွယ်အိတ် ပေတလူလေးထဲက
ကမ္ဘာကြီးရဲ့နေ့စွဲ ဘာတွေနဲ့လဲရဦးမလဲ။
နောက်ပိုင်းပါးနေတဲ့ ရာဘာဖိနပ်
ကန့်သတ်နယ်မြေမှာ ကြပ်နေရှာပေါ့။
ဘ၀ကို သပ်သပ်ခွဲလိုက်မှတော့
သွားလေရော့ မျှော်လင့်ခြင်းတွေ . . . ။ ။
BS
16 Nov 2010
Ygn
အားပေးသွားပါ၏........
ReplyDeleteလည်လည်လာပါတယ်...
ReplyDelete