လရိပ်ကို ထီးလိုမိုးရင်း
ဘ၀ကို ခါးထောက်ကြည့်တော့
ဝင်သက်တွေက
ပေါ့ရွှတ်ရွှတ်နဲ့ . . .။
ကိုယ့်ကိုကိုယ်
မှန်တစ်ချပ်လိုပြန်ကြည့်ရင်
အဲလောက်ထိ
တစိမ်းဆန်နေမယ်လို့ မထင်ခဲ့ဘူး။
အတ္တတွေနဲ့ အိုအေစစ်လုပ်ထားတဲ့
ဒီကန္တာရကြီးရဲ့
ဘောင်နဲ့စည်းကွန်ယက်မှာမှ
ကိုယ့်ကြိုးနဲ့ကိုယ် ငြိခဲ့ရတယ်လို့ . . .။
ကောင်းကင်ရှေ့ဖြတ်လျှောက်တော့
အလွမ်းတွေက ရှုတည်တည်နဲ့ ကြည့်ကြတယ်။
လမ်းဘေးက ခွေးပေါတောလေးကိုပဲ
အပြုံးတိမ်လေး ပေးလိုက်တယ်။
မနက်ဖြန်ထွက်မယ့်နေကြုံနဲ့
ရောင်နီကို ဖဲကြိုးစည်းပြီး
အိပ်မက်တွေတစ်ထပ်ကြီးကို
နင့်ဆီ လက်ဆောင်ပို့လိုက်ချင်ပါရဲ့ . . . ။ ။
(BS)
The last paragraph is the best.
ReplyDeleteမဘုတ်ဆုံ ..... ဂွတ် ...း)
ReplyDeletei agree!
ReplyDeleteSone, what a wonderful poet u have become!
thxx, may b it's so real :D
ReplyDeleteကျေးဇူး ကိုသစ်ကို။ ကြိုးစားနေတုန်းပဲ ဟီးဟီး
ReplyDeleteheehee no no ei, i'm just totally amateur :D
ReplyDelete((((((((၀င်သက်တွေက ပေါ့ ရွှတ်ရွှတ်နဲ့ )))) ဆိုတာလေး
ReplyDeleteဒေါ်ဘုတ်ဆုံရေ...ကျနော် ကိုရင်ဥာဏ အဲဒါလေးကြိုက်တယ်
အင်း . . . တရားထိုင်ရင်း ရလိုက်တဲ့ ခံစားချက်သေးသေးလေးတစ်ခုကို ပြန်ရေးထားတာပါ :P
ReplyDelete