Tuesday, September 29, 2009

အလင်းစများ

ဒီနေ့ . . .

တရုတ်စကားပင်ကြီး ခြွေချလိုက်တဲ့

အလင်းစမှုန်မွမွတွေကို

ငါတစ်ယောက်တည်း လိုက်ကောက်နေခဲ့တယ် . . .

အရောင်တွေမှာ မျက်ရည်တွေ ၀ဲဝဲသီလို့ . . .

ဆူညံနေတဲ့အတွေးထဲမှာ

မှန်ရောင်တောက်နေတဲ့

အိပ်မက်တစ်ချပ် ရေတစ်စက်လို ကျကွဲသွားခဲ့တယ်

ငါတစ်ယောက်တည်း ရှတတနဲ့ . . .

မနက်ဖြန်မှာ

ငှက်လိုမပျံနိုင်တဲ့ ငါက

သံလွင်ခက်ကိုလည်း အိပ်မက် မမက်ချင်တော့ပါဘူး . . .

ဘာပဲဖြစ်ဖြစ် အလင်းစလေးတွေ ငြိမ်းချမ်းပါစေ . . .

 

BS

2 comments:

  1. a ma, di poem hte mar အလင်းစလေးတွေ so tar bar ko yee ywal tar lal a ma?
    hee hee kya naw lite ma mi tot lo

    ReplyDelete
  2. အင်း . . . အစ်မဆိုလိုချင်တာက တခါတလေ လမ်းဘေးက ရေအိုင်ထဲမှာ ထင်နေတတ်တဲ့ ရောင်စုံအလင်းရောင်လေးတွေကို ပြောချင်တာ။ ညဖက်မိုးရွာရင် ပိုသတိထားမိတယ် . . . အဲဒီအလင်းစလေးတွေကို ကြည့်ရင်း ဘာရယ်မဟုတ်ဘူး ဒီကဗျာလေးရေးဖြစ်သွားတာ။ ကြေကွဲနေတဲ့အချိန်ဆိုတော့ ကွက်တိပဲ။ ဟီဟိ။

    ReplyDelete