စကားဝါ ပလ္လင်ပေါ်တွင်ရှိသော ဘာအပွင့်မှန်းမသိသည့် အပြာနုရောင်ဖဲချပ်လေးကို ချစ်သူဟုခေါ်ပါသည်။ ချစ်သူ၏ ခြေရာများသည် တိမ်ပွင့်တိမ်အုပ်တို့တွင် ကူးခပ်နေသော ရောင်စုံပန်းချီကားများ ဖြစ်ကြပါသည်။ ချစ်သူရေးသော ကဗျာမဆန်သည့် စာကြောင်းလေးများသည် ကြယ်စင်တစ်ရာကို ယိမ်းကစေသော လင်္ကာသွားပါးပါးလေးများဖြစ်ကြပါသည်။ တစ်ရက်တစ်ခြား ကမ္ဘာကြီး ကျဉ်းကျဉ်းလာခြင်းမှာ ချစ်သူပြုံးသောကြောင့် ဖြစ်နိုင်ပါသည်။ ချစ်သူနှင့် နှင်းပွင့်များ အိမ်ပြန်လာသောတစ်နေ့တွင် ဆုံတွေ့နိုင်ရန်အတွက် အိပ်မက်များကို ကြော်လှော်ချက်ပြုတ်ရပါသည်။ ချစ်သူစိတ်ညစ်သောနေ့များတွင် သက်တံ့ကြီးပင် နွေရာသီဖုန်မှုန့်ဆန်နေတတ်ပါသည်။ ဤသို့ဖြင့် ချစ်သူ၏ မနက်ဖြန်များ ကြီးကျယ်ခန်းနားစေရန်အတွက် မြတ်စွာဘုရားအား မကြာခဏ ဂျီကျမိနေပါတော့သည်။ ။
(BS)
woooow
ReplyDeletewonderfullllllllll.............
sooo sweeet
sis ta kal article yay lo ya nay pi
yay par lar sis yar
I can't wait to read it
thanks a lot bro :D
ReplyDeletei don't think so bro, if i write a long one, i m sure dat it gota b boring :D
Actually, one of my friends comment this 1 & told me that i'm quite chasing after words :P