Sunday, September 20, 2009

နွေ မိုး ဆောင်း ညောင်း ဂျောင်း

Addy:       

မှိုင်းနေတဲ့ ရာသီဥတု

ပျင်းခြောက်ခြောက် နဲ့ပျက်နေတဲ့

ငါ့ရဲ့စိတ်တွေ

နင်ဘယ်မှာလဲ

ကူမင်းရေ ပျင်းတယ်ဟယ်

စိုစွတ်စွတ် မိုးရေစက်တွေနဲ့အတူ

ဘယ်သူ့ ကိုမှန်းမသိလွမ်းတယ်

 

BS:

နေပူပူမှာမှ

ပလတ်စတစ်ဆန်နေရတဲ့ဘဝ

လွမ်းရတာတောင်

ပြာဖွေးဖွေးနဲ့ . . .

ရန်ကုန်ရာ

သတင်းမကျွတ်ခင်

လမ်းကြုံဝင်ငိုမယ်ဆိုတဲ့မိုးရေ

တစ်ပေါက်နှစ်ပေါက်ပဲဖြစ်ဖြစ်ပေါ့ဟာ . . .

 

Addy:

အေးလိုက်တာ

ခိုက်ခိုက်လို့တုန်

နှင်းတွေနဲ့ဖွေးနေတဲ့ ဖူဂျီရာမာ

ချယ်ရီတွေတောင်ပွင့်လို့နော်

အခါးရေနွေးနွေးတစ်ခွက်နဲ့ နင့်ကို

လဲပစ်မယ်ကွာ

 

BS:

စိတ်ကူးထဲမှာတောင်

နှင်းမဖွဲမှတော့

ရာသီဥတုဆိုတာလည်းအလကားပဲ

တိမ်တွေကို ပေးတဲ့ကျိန်စာတွေလည်း

မီးခိုးကြောင်းထပ်နေပြီ

တစ်လောကလုံး နားလေးနေရော့သလား

 

© Addy & BS

21.9.09

Kunming & Ygn

No comments:

Post a Comment